မြန်မာနိုင်ငံမှပြုလုပ်သည့် ယွန်းထည်ပစ္စည်းနှင့်စဥ့်ထည်ပစ္စည်းများသည် နာမည်ကောင်းရရှိပြီးဖြစ်၍ ယွန်းပညာရပ်များမပျောက်ပျက်စေရေးအတွက် လက်ဆင့်ကမ်းထိန်းသိမ်းရန် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာ ကြားသည်။
ညောင်ဦးခရိုင်အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သင်ကြားလျက်ရှိသော ယွန်းပညာကောလိပ်အား နစက ဥက္ကဋ္ဌမှ ယနေ့ စက်တင်ဘာ ၁၆ ရက်ကသွားရောက်ကြည့်ရှုစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယွန်းပညာကောလိပ်၌ တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း လိုအပ်သည့်ထောက်ပံ့မှုများဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ယွန်းပညာကောလိပ်အား နစက ဥက္ကဋ္ဌမှကြည့်ရှုစဥ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ယွန်းပညာကောလိပ်၏ အဓိကလုပ်ငန်းတာဝန်များ၊ ယွန်းပညာရပ်ဆိုင်ရာအသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ NSSA (National Skills Standards Authority) အသိအမှတ်ပြု ယွန်းလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း အဆင့်ဆင့်ဆောင်ရွက်မှု၊ စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိမှု၊ အိပ်ဆောင်များ၊ ယွန်းနည်းစဉ်ခန်းမ၊ ယွန်းပြတိုက်၊ ယွန်းလက်မှုအရောင်းဆိုင်များဖွင့်လှစ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ယွန်းနည်းစဉ်ခန်းမအတွင်း သင်တန်းသား၊ သင်တန်းသူများ၏ ဝါး၊ အနက်ထည်၊ ကညစ်၊ ရွှေဇဝါယွန်း၊ သားရိုးပန်း ကြွတို့ဖြင့် ယွန်းနည်းစဉ် အဆင့်ဆင့်အားလက်တွေ့ဆောင်ရွက်နေမှု၊ ယွန်းပြတိုက်အတွင်း အထူးပြခန်း၊ ယွန်းပစ္စည်းပြုလုပ်ပုံအဆင့်ဆင့် ပြခန်း၊ နိုင်ငံတကာ ယွန်းပစ္စည်းပြခန်း၊ လူမှုရေးအသုံးအဆောင်ပစ္စည်းပြခန်းတို့တွင် ခင်းကျင်းပြသထားသည့် ယွန်းထည်များအားကြည့်ရှုခဲ့ကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
