နေပြည်တော်အတွင်း ရေကြီးမှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့်နေရာ(၁၀)ခုကို မီးသတ်တပ်ဖွဲ့ဝင်များက ရေဂါလန် ၂ သောင်းခွဲခန့်အား စက်တင်ဘာ ၁၆ ရက်ကလိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
တပ်ကုန်းမြို့နယ်ရှိ ကုတင်(၁၀၀)ဆေးရုံသို့ ရေဂါလန်(၆၄၀၀)၊ မဟာဇနကဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၂၄၀၀)၊ အ.ထ.က(၁) ကျောင်းသို့ ရေဂါလန်(၁၆၀၀)၊ အ.ထ.က(မကျီးပင်)စာသင်ကျောင်းသို့ ရေဂါလန်(၁၆၀၀)၊ ၁၀၉ တပ်ဦးဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် (၁၆၀၀)တို့ကို မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံလှူဒါန်းပေးခဲ့ကြသည်။
ထို့ပြင် အ.လ.က(ခွဲ)(သူဌေးကုန်း)သို့ ရေဂါလန် (၃၂၀၀)၊ ဘိုးဘွားရိပ်သာသို့ ရေဂါလန်(၃၂၀၀)၊ မြို့လည်ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် (၃၂၀၀)၊ စည်သူအောင် ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၈၀၀)၊ ပျဉ်းမနားမြို့နယ်၊ မအူကျေးရွာသို့ ရေဂါလန်(၁၆၀၀)၊ ဇေယျာသီရိမြို့ နယ်၊ ဗောဓိမြိုင်ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၂၄၀၀)တို့ကိုလည်း လိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
သောက်သုံးရေလှူဒါန်းမှုအား ဥတ္တရခရိုင်မီးသတ်စခန်း၊ တပ်ကုန်းမြို့နယ်မီးသတ်စခန်း၊ ပျဉ်းမနားမြို့နယ်မီးသတ်စခန်းနှင့် ဇေယျာသီရိမြို့နယ်မီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက လိုက်လံလှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
