ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ ဒုတိယပတ်အတွင်း နိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ အသက်ဆုံးရှုံးမှုများလည်း ဖြစ်နေပြီး လက်ရှိ စက်တင်ဘာ (၁၆) ရက် ညနေ (၄)နာရီအထိ အသက်ဆုံးရှုံးသူ (၂၂၆)ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅၆)ခုနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ကာ ပျောက်ဆုံးသူလည်း (၇၇) ဦးရှိနေကြောင်း သိရသည်။
ထို့ပြင် လူနေအိမ် (၂၁၁၆) လုံး ထိခိုက်ပျက်စီးခဲ့ပြီး (၁၅၈၃၇၃) လုံး ရေဝင်နစ်မြုပ်ခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်း (၄၃၈) ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၄၂၈၅၈) စု၊ လူဦးရေ (၁၆၃၇၁၀) ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းလည်း နစကထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ပြောသည်။
ယမန်နေ့ စက်တင်ဘာ (၁၆) ရက်၊ ညနေ (၄) နာရီအထိ စာရင်းများအရ ရုံး/ဌာန အဆောက်အဦ (၁၁၇) လုံး၊ စာသင်ကျောင်း (၁၀၄၀) ကျောင်း၊ ဘာသာရေးအဆောက်အဦ (၃၈၆) လုံး၊ လမ်း/ တံတား အချို့ ၊ လျှပ်စစ်မီးတိုင် နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ တိရစ္ဆာန် (၁၃၀၀၀၀) နီးပါး ေ-သဆုံး၍ စပါး နှင့် သီးနှံမျိုးစုံ ဧက ခြောက်သိန်းခွဲ နီးပါး ရေဝင်နစ်မြုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်အသိပေးထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
