နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအပေါ် နှောင်ကြိုးမဲ့ဆောင်ရွက်ကူညီခဲ့မှုများရှိခဲ့ပြီး ယခုအခါတွင်လည်း အာဆီယံကပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတစ်ချို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နစကဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှုများ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန် စက်တင်ဘာ(၁၆)ရက်က နေပြည်တော်၌ ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄)တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ အာဆီယံ AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (In-Country Liaison Team – ICLT) ကလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများ တိုးတက်ရရှိရေးအတွက် ပူးပေါင်းကူညီသွားမည်ဟုလည်း ပြောကြားသည်။
ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်ထားရမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများကိုမျှမျှတတရရှိစေရေး ဖြန့်ခွဲပေးရန်လည်း လိုသည်ဟု ပြောကြားသည်။
လတ်တလောတွင် နိုင်ငံတော်အနေဖြင့် အလှူရှင်များ မရောက်နိုင်သည့် အချို့ရေဘေးသင့်ယာယီ ကယ်ဆယ်ရေးစခန်းများ အပါအဝင် ယာယီသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းများသို့လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အခြေခံအစားအစာ ၅ မျိုးနှင့် သောက်သုံးရေရရှိရေးအတွက် ပို့ဆောင်ပေးလျက်ရှိကြောင်းလည်း သိရသည်။
နစကဥက္ကဋ္ဌကလည်း တိုင်ဖွန်းမုန်တိုင်း ယာဂီ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက် ရယူနိုင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်တွင် မှာကြားခဲ့သေးသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
