Traffic Control Center အနေဖြင့် စာချုပ်ပါအတိုင်း လုပ်ငန်းများ ပြီးစီးမှုမရှိသည့်အတွက် ဒဏ်ကြေးတစ်ရက်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ် ၂၈ ဒသမ ၆ သန်းပေးဆောင်ထားပြီး နှစ်နှစ်ကျော် ဒဏ်ကြေးပေးဆောင်ခြင်း မရှိကြောင်း၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ သိရသည်။
ယင်းအစီရင်ခံစာပါ ခေတ်မီမီးပွိုင့်စနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် စာရင်းစစ်ချုပ်က ဒီဇင်ဘာ ၈ ရက် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းဖတ်ကြားခဲ့သည်။
System လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ယခင်နှစ် အစီရင်ခံစာမှာ ဒဏ်ကြေးတစ်ရက်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရက်ပေါင်း ၂၁၀ အတွက် (၃.၈.၂၀၁၆ မှ ၂၈.၂.၂၀၁၇ အထိ) ၁၂.၁၀.၁၆ ရက်စွဲပါ ချလန်အမှတ် ၅၄ ဖြင့် ကျပ်ကိုးသန်းနှင့် ၁.၃.၂၀၁၇ ရက်စွဲပါ ချလန်အမှတ် ၁၉၁ ဖြင့် ကျပ် ၁၂ သန်း စုစုပေါင်း ကျပ် ၂၁ သန်းပေးခဲ့ပြီး ၁.၃.၂၀၁၇ မှ ၁၅.၅.၂၀၁၇ ရက်အထိ ရက်ပေါင်း ၇၆ ရက်အတွက် ၁၂.၅.၂၀၁၇ ရက်စွဲပါ ချလန်အမှတ် ၃၇၆ ဖြင့် ကျပ်သန်း ၇ ဒသမ ၆ ထပ်မံပေးသွင်းထားသော်လည်း နောက်ပိုင်းတွင် ဒဏ်ကြေး ဆက်လက်ပေးသွင်းခြင်းမရှိသဖြင့် စာချုပ်ပါ စည်းကမ်းချက် အရသော်လည်းကောင်း၊ ဥပဒေ အကြံပြုချက်အရ သော်လည်းကောင်း အရေးယူဆောင်ရွက်မည်ဟု ၁၈.၁.၁၉ ရက်စွဲပါ မျဉ်းဝက်လွှာဖြင့် မေးမြန်းချက်အရ ပြောကြားထားကြောင်း ဒေါ်ခင်သန်းလှက ရှင်းလင်းခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ခေတ်မီမီးပွိုင့်စနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်းအတွက် ကျပ် ၁၈ ဒသမ ၉၃၈ ဘီလျံကျခံ သုံးစွဲခဲ့သော်လည်း လက်ရှိ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိ System တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ပြီးစီးမှုနှင့် ယာဉ်သွားလာမှုများ ထိန်းချုပ်နိုင်မှု အခြေအနေမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်သော်လည်း စနစ်လည်ပတ်မှုနည်းပညာ ပိုင်းလိုအပ်မှုအတွက် စာချုပ်အရ စမ်းသပ်လည်ပတ်မှု အောင်မြင်ပြုလုပ်နိုင်မှ လုပ်ငန်း လက်ခံနိုင်မည်ဟု ဖော်ပြပါသောကြောင့် လုပ်ငန်းလွှဲပြောင်းလက်ခံမှု မရှိသေးကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။
“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ကုန်မြို့တော် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ခေတ်မီမီးပွိုင့်စနစ် တပ်ဆင်ခြင်းနဲ့ထိန်းချုပ်စင်တာ ဆောက်လုပ်ရေးနဲ့ပတ်သက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်တဲ့လုပ်ငန်း ဖြစ်သော်လည်း အရည်အသွေး ကြီးကြပ်ရေးကော်မတီကို ၆.၉.၂၀၁၈ ရက်မှာ ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအရ ဖွဲ့စည်းထားခြင်း၊ လုပ်ငန်းလွှဲပြောင်း လက်ခံနိုင်မှုမရှိသေးသောကြောင့် သက်ဆိုင်ရာကော်မတီနဲ့ ညှိနှိုင်းပြီး လုပ်ငန်းပြီးပြတ်စေရေး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ခေတ်မီမီးပွိုင့်စနစ် တပ်ဆင်ခြင်းနှင့် ဗဟိုစင်တာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Myanmar Shwe Ying Inter-national Co.,Ltd & China Railway 21 st Bureau Group Co.,Ltd (China) ကုမ္ပဏီနှစ်ခုတို့၏ သဘောတူစာချုပ်အပိုဒ် ၈ တွင် လုပ်ငန်းဆောင်ရွက်မှု ဘဏ်အာမခံကို စာချုပ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်းပေါင်း ၁၈၉၃ ဒသမ ၈၉၅ နှင့်ညီမျှသော ယူရို ၁၃၅၁၆၂၄ တန်ဖိုးရှိ လုပ်ငန်းဆောင်ရွက်မှု အာမခံကို Bank of China နှင့် မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့ Link ချိတ်ဆက်ပြီး၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ ၂၂ ရက်တွင် ထားရှိထားကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။
Traffic Control Center အရည်အသွေး ကြီးကြပ်စစ်ဆေးရေးကော်မတီကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃၃/၂၀၁၈ ဆုံးဖြတ်ချက် အပိုဒ် ၇၀ အရ ဦးအောင်မြင့် (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဥက္ကဋ္ဌ) အဖြစ် ခေါင်းဆောင်သော အဖွဲ့ဝင် ၁၀ ဦး၊ အတွင်းရေးမှူး တစ်ဦးဖြင့် ဖွဲ့စည်းထားကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
