စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေ နန့်စလင်းချောင်းဖျားမှော်နှင့် ပတ်တာဘွန်(ပယင်းမှော်) လက်လုပ်လက်စားလုပ်ကွက်များ တင်ဒါဖွင့်လှစ်မည့်ရက် နောက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ ရက် နံနက်၉ နာရီတွင် ခန္တီးမြို့ OSS (ပြည်သူ့ဝန်ဆောင်မှုရုံး)၌ တင်ဒါဖွင့်လှစ်ရန် မူလက ရက်သတ်မှတ်ထားသော်လည်း ဇန်နဝါရီ ၁၆ ရက်သို့ နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ပြီး နာဂ ရိုးရာနှစ်သစ်ကူးပွဲနှင့် တိုက်ဆိုင်နေသဖြင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် ကျောက်မျက်တူးဖော်ရုံးရေးမှ ညွှန်ကြားရေးမှူး ဦးထွန်းဝေ၏ ပြောကြားချက်အရ သိရသည်။
“ဇန်နဝါရီ ၂ ရက်မှာ တင်ဒ ါဖောင်လက်ခံတာကို ပိတ်လိုက်ပြီး ၁၃ ရက်မှာ တင်ဒါဖွင့် ဖို့ မူလက ရက်သတ်မှတ်ထားပြီးသား။ ဒါပေမဲ့ ဖွင့်မယ့်ရက် အတောအတွင်းမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲရှိတဲ့အတွက် နိုင်ငံတော်အဆင့် လူကြီးတွေလာတဲ့အချိန်မှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေအကုန်လုံးက နာဂပွဲကိုသွားရမှာရယ်၊ ဦးစီးပြီးဖွင့်လှစ်မယ့် ဝန်ကြီးက မအားတာရယ်ကြောင့် တင်ဒါဖွင့် မယ့်ရက်ကို နောက်ဆုတ်လိုက်တာပါ။ နာဂပွဲပြီးမှ အဲဒီပွဲကနေပြန်လာမယ့် သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ဦးစီးပြီး တင်ဒါဖွင့် လှစ်ပေးမှာပါ” ဟု ဦးထွန်းဝေက ပြောကြားသည်။
ခန္တီးရတနာနယ်မြေ နန့်စလင်းချောင်း ဖျားမှော်တွင် ကျောက်စိမ်းလက်လုပ်လက်စား တူးဖော်ခွင့် လုပ်ကွက်တင်ဒါနှင့် ပတ်တာဘွန်မှော်တွင် ပယင်း လက်လုပ်လက်စား တူးဖော် ခွင့်လုပ်ကွက်တင်ဒါ လျှောက်ထားခွင့်အား ၂၀၁၉ ခုနှစ် မေလတွင် ပထမအကြိမ်ချထားပေးခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ဒုတိယအကြိမ် ပြန်လည်ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခန္တီးရတနာနယ်မြေတွင် ကျောက်မျက်ရတနာများ တိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားဒေသခံများအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခန္တီးမြို့နယ် ခန္တီးရတနာ နယ်မြေတွင် ကျောက်စိမ်းနှင့် ပယင်းလက် လုပ်လက်စားတူးဖော်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့က ကျောက်စိမ်းနှင့် ပယင်းလက် လုပ်လက်စားတူးဖော်ခွင့်ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
