မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ် မိုင်တိုင် ၁၅၄-၁၅၅ ကီလိုမီတာကြား နတ်စင်ကွေ့အနီးတွင် ကျောက်ပြားများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး ဇန်နဝါရီ ၈ ရက် ညက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကော့ကရိတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်စု (၇၁) မှ ရဲအုပ် သန်းနိုင်ရွှေနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက် ဆိုင်ရာရဲတပ်ဖွဲ့မှစစ်ဆေးရာ မြဝတီဘက်မှ မျက်နှာကြက် ကျောက်ပြားများ၊ အိမ်သာကြွေခွက်များ တင်ဆောင်လာသော ၁၈ ဘီး ကုန်တင်ယာဉ်သည် ရင်ကွဲတောင်ကုန်းဆင်း နတ်စင်အနီး ၁၅၄ ကီလိုမီတာနှင့် ၁၅၅ ကီလို မီတာကြား ကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ အကာအရံတိုင်များကိုတိုက်ကာ ယာဘက်ချောက်ထဲသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးဇော်၏ ယာလက်၊ ယာခြေ ထောက်၊ မေးစေ့ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ် နောက်လိုက် ငမျိုးတွင် နဖူးပိန်ချိုင့်၊ နှာခေါင်း၊ ပါးစပ်၊ နားတို့တွင် သွေးထွက် ဒဏ်ရာရရှိ၍ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ရဲဆေးစာ နှင့်အတူ ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကုန်တင်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကျောက်ပြားများ၊ ကြွေအိမ်သာခွက်များ ကျိုးကျေပျက်စီးပြီး ယာဉ်မှာလည်း ဦးခေါင်းပိုင်း ပိန်ချိုင့်သွားခဲ့ကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ်ဒေါနတောင် ကျော် အာရှလမ်းသစ်သည် အတက်ရှည်အ ဆင်းရှည်ခြင်းကြောင့် ယာဉ်မောင်းများ သတိပြုမောင်းနှင်ကြရန် ဒေသခံတစ်ဦးဖြစ်သူ ဦးသက်ဦးက ပြောကြားသည်။
သို့ဖြစ်၍ ယာဉ်ကိုပေါ့ဆစွာ မဆင်မခြင်မောင်းနှင်ပြီး ယာဉ်အား လမ်းယာဘက်သို့ ထိုးကျပြီး တစ်ဦးသေဆုံးခဲ့ခြင်းကြောင့် ယာဉ်မောင်း မျိုးဇော်အား ကော့ကရိတ်ရဲစခန်းက ယာဉ်(ပ) ၁/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ -ကအရ အရေးယူစစ်ဆေးလျက်ရှိကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
