အငြင်းပွားမှုရှိနေသော ပလိပ်အုတ်စက်ဟောင်း မြေနေရာအား တစ်ဦးတစ်ယောက်တည်းကို မူလပိုင်ရှင်ဟုဆိုကာ ဆောက်လုပ်ရေးဌာနက မြေယာလျော်ကြေး ကျပ်သိန်း ၂၃၀၀ ကျော်ပေးအပ်ခဲ့ပြီးနောက် အစဉ်အ ဆက်နေထိုင်လာသည့် ပင်စင်စားမိသားစုဝင် များအား ယခုလတတိယပတ်နောက်ဆုံးထား ထွက်ခွာရန် ဇန်နဝါရီ ၉ ရက်က အသိပေးအ ကြောင်းကြားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ မြနန္ဒာရပ် ကွက်ရှိ ဆောက်လုပ်ရေးဌာန လမ်းအထူးအ ဖွဲ့ (၉) ၏ ရှေ့တန်းစခန်းအဖြစ်အသုံးပြုခဲ့သော ကွင်းအမှတ် ၂၀(က) ဧရိယာ ၁ ဒသမ ၂၈ ဧကအား မြေယာလျော်ကြေးအဖြစ် တစ်ဦး တစ်ယောက်တည်းကို မူလပိုင်ရှင်ဟုဆိုကာ ကျပ်သိန်း ၂၃၀၀ ကျော် ပေးအပ်ခဲ့ပြီး ၎င်းင်း၏တင်ပြမှုအရ ယင်းမြေပေါ်တွင် ကျူးကျော်သူ များကို စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ရှင်းလင်းဖယ် ရှားဆောင်ရွက်ရန် မန္တလေးဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် ၁၅၃ (င) အရ ယခုကဲ့သို့ အသိပေးအကြောင်းကြားစာ ပေးပို့မှုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမြေနေရာတွင် ဆောက်လုပ်ရေးဌာန ဝန်ထမ်းအငြိမ်းစားမိသားစု ၂၄ စု နေထိုင်လျက်ရှိကြောင်းသိရပြီး နေထိုင်လျက်ရှိသူ အငြိမ်းစားပင်စင်စားဝန်ထမ်းတစ်ဦးက “ဒီနေရာမှာနေလာခဲ့တာ နှစ် ၅၀ ကျော်ပြီ။ နေ တဲ့သူတွေအကုန်လုံးက ဆောက်လုပ်ရေးလုပ်သားတွေချည်းပဲ။ ဒါကို ၂၀၀၀ ပြည့်နှစ်ရောက် တော့ အငြင်းပွားမှုဖြစ်တယ်။ အဲဒီမှာ မြို့နယ် စီမံခန့်ခွဲမှုမြေအဖြစ်သတ်မှတ်ပြီး ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို မြေတစ်ဧကလျော် ကြေးအဖြစ်ပေးခဲ့တာ။ အခု လျော်ကြေးငွေ သိန်း ၂၃၀၀ ကျော် ပေးတယ်ဆိုတာကလည်း အဲဒီမြေပဲ။ ဒါကို သူတို့က ဘိုးဘွားပိုင်ဆိုပြီး လုပ်နေတာ မဖြစ်သင့်ပါဘူး။ အားလုံးက ဒီ နေရာမှာ တာဝန်ထမ်းခဲ့ကြတဲ့ ဝန်ထမ်းတွေပါ” ဟု ပြောကြားသည်။
ယင်းသို့ မြေယာလျော်ကြေးငွေပေးအပ် ခြင်းကို အစဉ်အဆက်နေထိုင်လာသည့် မိသား စုဝင်များအား အသိပေးအကြောင်းကြားခြင်း မရှိဘဲ ပြုလုပ်ခဲ့ခြင်းကြောင့် အဆိုပါမိသားစု ဝင် ၂၄ စုက ကန့်ကွက်ကြောင်း သတင်းစာ တွင် ကြေညာထားခဲ့သည်။
“မြေယာလျော်ကြေးဆိုပြီး သိန်း ၂၃၀၀ ကျော်ပေးတာက ၁ ဒသမ ၂၈ ဧကဆိုပြီး ပေးတာ။ တကယ်က မြေက ၂ ဒသမ ၅၆ ဧက ရှိ တယ်။ ဒီပင်စင်စားမိသားစု ၂၄ စုက ၁၉၆၉ ကတည်းက လုပ်ငန်းလုပ်ဆောင်ရင်း နေထိုင် လာခဲ့သလို ဒီမြေဟာ အရင်က အမကကျောင်းမြေအဖြစ်လျာထားပြီး ကျေးရွာလူထု လိုအပ်ချက်အရ အစိုးရရဲ့ စီမံပိုင်ခွင့်မြေဖြစ်တယ်လို့ ၂၀၀၀ ပြည့်နှစ်မှာ အချက်ငါးချက်နဲ့ဆုံးဖြတ်ထားတာ။ဒီလို အထောက်အထားတွေကြောင့် အခုလို ဘိုးဘွားပိုင်ဆိုပြီး တစ်ဦးတစ်ယောက် တည်းပိုင်ဆိုင်တယ်လုပ်ပြီး လျော်ကြေးငွေပေးလို့ မရပါဘူး။ အဲဒီလိုပေးလိုက်တဲ့သူကလည်း ဒီမှာအလုပ်သမားအနေနဲ့ နှစ်ရှည်လများ လုပ်ကိုင်ခဲ့သူမို့ တစ်ဧက သတ်မှတ်ပေးခဲ့ပြီးသားပါ။ ဒီတော့ ဘိုးဘွားပိုင်ဆိုတာ မဟုတ်ပါဘူး။ ဒါကို ဆောက်လုပ်ရေးဌာနက ဘယ်လိုဘတ်ဂျက်နဲ့ လျော်ကြေးပေးတာလဲဆိုတာ မေးခွန်းထုတ်စရာပါ။ အခုလို တစ်ဦးတစ်ယောက်တည်းကို လျော်ကြေးငွေပေးခဲ့တာကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာ ကို အစဉ်အဆက်နေထိုင်နေတဲ့ ပင်စင်စားအိမ်ထောင်စုတွေ စိုးရိမ်သလို အခုတော့ ဖြစ်လာပြီ” ဟု အဆိုပါမြေနေရာတွင် အစဉ်အဆက် နေထိုင်လာခဲ့သည့် ဆောက်လုပ်ရေးအငြိမ်းစား ဦးတင်အေးက ပြောကြားသည်။
မည်သူမျှပိုင်ဆိုင်မှုမရှိသည့် ပလပ်မြေ နေရာအား ဘိုးဘွားအစဉ်အဆက် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းမိသားစု ၂၄ စု၏ လူမှုရေးကိုငဲ့ညှာသောအားဖြင့် ယင်းကဲ့သို့ မြေယာအငြင်းပွားမှုဖြစ်ပွားမှုအ ပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံသို့ အသနားခံစာ တင်ပြထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
