ဆက်သွယ်ရေးတာဝါများ၏ လျှပ်စစ်သံလိုက်စက်ကွင်းပမာဏမှာ International Commission on Non - Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက်အောက်တွင်သာရှိကြောင်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic Field- EMF) များမှာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိ၊ မရှိ သိရှိနိုင်ရန်အတွက် တိုင်းတာရေးစီမံချက် ရေးဆွဲကာ NARDA Safety Test Solution မှထုတ်လုပ်သည့် EMF Measuring Equipment ဖြင့် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့၏ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Com- mission on Non - Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက်အောက်တွင်သာ ရှိသည်ကို တွေ့ရှိရကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
EMF တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိသည့် ရလဒ်များပေါ်မူတည်၍ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင်များမှ ရေဒီယိုစက်ပစ္စည်းများ၏ EMF ထုတ်လွှင့်မှုသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူသို့ သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ချိန်ညှိမှုများ ပြုလုပ်ရန် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများသို့ ညွှန်ကြားလျက်ရှိသည်ဟု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းတာခဲ့သည့် နေရာများမှာ ၂၀၁၉ ခုနှစ်အတွင်း ဇွန်လမှ ဒီဇင်ဘာလအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့ရှိ အများပြည်သူဆိုင်ရာ နေရာ ၁၀ နေရာနှင့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင်စုစုပေါင်း ၅၁ တိုင်တို့တွင် EMF တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ဖော်ပြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
