၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာ့စီးပွားရေးဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ပြည်သူလူထုထံ ကျပ် ၄၈၁၂ ဘီလျံကျော် ဖြန့်ဝေခဲ့ပြီး ယင်းဘဏ်များက ပြန်လည်ပေးသွင်းလာမှု ကျပ် ၃၅၄၆ ဘီလျံကျော်ရှိကာ အဆိုပါငွေများမှ ပြန်လည်ထုတ်ဝေနိုင်သည့် ငွေစက္ကူ ၃၆၅၇ ဘီလျံကျော်ရှိပြီး ဖျက်ဆီးခဲ့သော ငွေပမာဏမှာ ကျပ် ၃၁၃ ဘီ လျံကျော်ရှိခဲ့သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ်သည် ငွေစက္ကူများဖြစ်သော ပြည်တွင်းသုံးငွေများကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ရသဖြင့် ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနအနေဖြင့် ငွေစက္ကူများကို ဖြည့်တင်းခြင်း၊ ထုတ်ဝေခြင်းများကို စနစ်တကျစီမံခန့်ခွဲနေပြီး ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေစက္ကူ ၁၅ မျိုးကို ပြည်သူလူထုအတွင်း လွယ်ကူစွာအသုံးပြုနိုင်ရန် ဗဟိုဘဏ်၏ ကိုယ်စားလှယ်များဖြစ်သော နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ဖြန့်ဝေလျက်ရှိရာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၄၈၁၂ ဒသမ ၅၂၉ ဘီလျံ ဖြန့်ဝေနိုင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အတူ ဗဟိုဘဏ်၏ ကိုယ်စားလှယ်များဖြစ်သော နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များသို့ ဘဏ္ဍာငွေထုတ်ပေးခြင်း၊ ပြန်လည်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ဘဏ်များက ကျပ် ၃၅၄၆ ဒသမ ၉၅၉ ဘီလျံ ပေးသွင်းလာခဲ့ပြီး ဘဏ်များက ပေးသွင်းလာသည့်ငွေများကို အသေးစိတ် ပြန်လည်ရေတွက်စစ်ဆေး၍ ပြန်လည်ထုတ်ဝေနိုင်သည့် ငွေစက္ကူများ Fit Notes နှင့် ပြန်လည်သုံးစွဲရန် မသင့်တော်သော ငွေစက္ကူများ Unfit Notes အဖြစ် စိစစ်ရွေးချယ်ရာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်ထုတ်ဝေနိုင်သည့်ငွေစက္ကူ ကျပ် ၃၆၅၇ ဒသမ ၁၀၁ ဘီလျံရှိပြီး ပြန်လည်သုံးစွဲရန် မသင့်တော်သော ငွေများအဖြစ် ကျပ် ၃၃၆ ဒသမ ၀၄၀ ဘီလျံခန့် ရွေးချယ်ရရှိခဲ့သည်ဟု ဗဟိုဘဏ်၏ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဗဟိုဘဏ်က ထုတ်ဝေနိုင်သော ငွေများအနက် တစ်ကျပ်တန်မှ ၅၀၀ ကျပ်တန်အထိ ငွေစက္ကူများသည် ကိုင်တွယ်သုံးစွဲမှု များပြားသဖြင့် ဟောင်းနွမ်းစုတ်ပြဲလွယ်သည့်အတွက် ယင်းငွေစက္ကူများအား ပြည်သူလူထုမှ အသုံးပြု၍ ဟောင်းနွမ်းသွားသည့် ငွေစက္ကူများကို ပြန်လည်သုံးစွဲနိုင်သည့်ငွေများဖြင့် ဗဟိုဘဏ်မှလဲလှယ်ကာ အဆိုပါဟောင်းနွမ်းငွေစက္ကူများကို အပြီးသတ်ဖျက်ဆီးရေးဌာနစိတ်တွင် ဖျက်ဆီးမှုပြုလုပ်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၃၁၃ ဒသမ ၇၀၆ ဘီလျံကို ဖျက်ဆီးခဲ့သည်ဟု ဗဟိုဘဏ်၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
