၂၀၁၉ ခုနှစ်တွင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့်ယာဉ်များအနက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုး ဖောက်သော စည်းကမ်းမဲ့ယာဉ် ၁၇၀၀၀၀ ကျော်အား ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။
သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းမရှိသဖြင့် စစ်ဆေး အရေးယူခံရသောယာဉ်များမှာ မော်တော်ယာဉ် ၉၈၃၀၅ စီး၊ ဆိုင်ကယ် ၇၂၁၈၃ စီး၊ ထော်လာဂျီ ၃၀၇ စီး၊ သုံးဘီး ၁၀၃၃ စီး စုစုပေါင်း ၁၇၁၈၂၈ စီး ဖြစ်သည်။
အဆိုပါ စည်းကမ်းမဲ့ယာဉ်များအား ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့(၆)မှ (၁၃)ရှိယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ချလံဖြတ်စစ်ဆေးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ် ထိန်းရဲတပ်ဖွဲ့သည် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပေး ဟောပြောမှုအကြိမ်ရေ ၃၀၀၀ ကျော်ပြုလုပ် ခဲ့ကြောင်း သိရသည်။ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေးဟောပြောမှုများ တွင် ကျောင်း သားကျောင်းသူ ၁၂၇၁၅၅ဦး၊ ပြည်သူ ၁၁၇၂၉၄ဦး၊ ယာဉ်မောင်း/ယာဉ် နောက်လိုက် ၉၀၇၇၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃၉ ဦး၊ စစ်သည် ၁၁၁၆၉ဦး၊ အနှေးယာဉ်မောင်း သူ ၉၃၀ ဦး၊ ဝန်ထမ်း ၁၁၃၀၇ ဦး စုစုပေါင်း လူဦး ရေသုံးသိန်းခွဲကျော်အား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်ယာဉ်မတော်တဆမှု၂၃၂၄ မှုဖြစ်ပွားခဲ့ပြီး ၂၄၂၉ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကာ ၆၀၄ ဦး သေဆုံးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက်လျှင် ပျမ်းမျှယာဉ်မတော်တဆမှု ၆ ဒသမ ၃၆ မှုနှုန်းဖြစ်ပွားခဲ့ပြီး ပျမ်းမျှ ၆ ဒသမ ၆၅ ဦးနှုန်းထိခိုက် ဒဏ်ရာရရှိခဲ့သည်။ အ လားတူ ယာဉ်မတော်တဆမှုများကြောင့် တစ် ရက်လျှင် ပျမ်းမျှ ၁ ဒသမ ၆၅ ဦးနှုန်းဖြင့် လူသေဆုံးနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
