သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုတွင် တရားခံပြသက်သေ ၁၁ ဦးရှိပြီး ရုံးချိန်းအား ဇန်နဝါရီ ၁၄ ရက်သို့ ချိန်းဆိုထားသည်။
ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြန်ခေါ်သက်သေတစ်ဦးအား စစ်ဆေးခဲ့ပြီး အာမခံရရှိထားသူ သုံးဦးမှာ တရားရုံးသို့ လာရောက်တရားရင်ဆိုင်ခဲ့သည်။
သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှ ဖမ်းဆီးထားသူ သုံးဦးကို ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ တစ်ဦးလျှင် ကျပ်သိန်းတစ်ရာတန် နှစ်ယောက်ဖြင့် အာမခံပေးလိုက်ပြီး အမှုတွင် တရားခံပြသက်သေ ၁၁ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူ သုံးဦးဖြစ်သည့် ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ သန်းထွဋ်အောင် (ခ) သားကြီးတို့ နှစ်ဦးကို အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ပုဒ်မ ၃၂၅/၁၁၄ အားပေးကူညီမှုတို့ဖြင့် ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ပြောင်းလဲစွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
၎င်းတို့သုံးဦးကို ပြောင်းလဲစွဲချက်တင်ခဲ့သည့် ပုဒ်မများမှာ အာမခံလျှောက်ထား၍ရသည့် ပုဒ်မများဖြစ်ပြီး အဆိုပါပုဒ်မသည် ရဲအရေးပိုင်သည့်ပုဒ်မဖြစ်ကာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်ကြောင်း သိရသည်။
အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ သန်းထွဋ်အောင် (ခ) သားကြီးတို့ကို လူသတ်မှုပုဒ်မ ၃၀၂(၂) ဖြင့်လည်းကောင်း၊ ကျော်ဇောဟန် (ခ)ကျော်ဇောကို လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂(၂)/၁၁၄တို့ဖြင့် ဇန်နဝါရီ ၇ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စွဲချက်နှင့်ပတ်သက်ပြီး ၎င်းတို့သုံးဦးမှ ကျေနပ်ခြင်းမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်တက်ခဲ့ရာ အဆိုပါ ပြင်ဆင်ချက်ကို တိုင်းတရားလွှတ်တော်က လက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်သည်။
Facebook ပေါ်တွင် ဟာသဗီဒီယိုများတင်ရာမှ လူသိများလာခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညက The One Entertainment တွင်ပြုလုပ်သည့် ဖျော်ဖြေရေးပွဲသို့ သွားရောက်ရာမှ အမည်မသိ လူတစ်စု၏ ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ရိုက်နှက်ခံရသည့်အတွက် ဦးခေါင်းခွံကြေမွဒဏ်ရာရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးတွင် ဇန်နဝါရီ ၂ ရက် ညနေက သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သုဝဏ္ဏနယ်မြေရဲစခန်းကပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် အမှုကို ခြောက်လခန့် စစ်ဆေးပြီးနောက် အမှုစစ်တရားသူကြီးက စွပ်စွဲခံရသူ သုံးဦးကို အမှုရုပ်သိမ်းကြောင်း အမိန့်ချမှတ်ပြီး စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံကာ အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းသို့ မှာကြားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးရာမှ အမှုတွင် တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့သည်။
အဆိုပါအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ် ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ် တစ်လုံး၊ အကျႌတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ် တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အဂတိလိုက်စားခဲ့သူများကို အမှုဖွင့် တရားစွဲဆိုထားပြီး တရားရင်ဆိုင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
