ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲမှအပ ကျန်ပြပွဲအမျိုးမျိုးတွင် ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် ရတနာခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အခွန်သုံးမျိုးစလုံး ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
ပြည်တွင်း၌ ကျောက်မျက်ရတနာ ရောင်းချသူသည် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ ပေးဆောင်ရန် တာဝန်ရှိကြောင်း သိရသည်။
ရတနာခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းထည်များဖြစ်ပါက ၁၁ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်ဖြစ်ပါက ကိုးရာခိုင်နှုန်း၊ စိန်နှင့်မြအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များ၊ စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာများ စွဲကပ်ထားသည့် လက်ဝတ်ရတနာ အချောထည်များနှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းများဖြစ်ပါက ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
ကုန်သွယ်လုပ်ငန်းခွန်တွင် ရောင်းရငွေ၏ ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ဝင်ငွေခွန်အနေဖြင့် တစ်ဦးချင်း ပုဂ္ဂိုလ်ဖြစ်ပါက ဇယားပါနှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက အသားတင်အမြတ်၏ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများ၌ ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာ အရိုင်းထည်၊ အချောထည်များရောင်းရငွေ အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။
ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရသာ ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံသား၊ နိုင်ငံခြားသား ခွဲခြား၍ အခွန်ကင်းလွတ်ခွင့် ပြုထားခြင်းမရှိကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပခြင်းမဟုတ်သော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသည့် ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်း မရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲမှအပဖြစ်သည့် ပြပွဲအမျိုးမျိုးတွင် ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် အထက်ဖော်ပြပါ အခွန်ကောက်သုံးမျိုးစလုံးကို ပေးဆောင်ရန် တာဝန်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းလင်းအသိပေးထားသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်အတွဲများ ဝယ်ယူခဲ့သည့် ရတနာကုန်သည်များသည် ကျောက်အတွဲများ ဝယ်ယူရန် ပေးသွင်းခဲ့သည့် အာမခံစပေါ်ငွေ ၁၀ ရာခိုင်နှုန်းအပါအဝင် ဝယ်ယူခဲ့သည့် ကျောက်အတွဲတန်ဖိုးငွေများကို သတ်မှတ်ထားသည့် ၄၅ ရက်အတွင်း ပေးချေရမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ပွဲကို ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ရောင်းချခြင်းဖြစ်ပြီး ကျောက်မျက်အတွဲ ၂၈၆ တွဲနှင့် ကျောက်စိမ်းအတွဲ ၃၆၉၅ တွဲ ရောင်းချခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
