တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာပြည်သို့ ချစ်ကြည်ရေးလာရောက်သော ခရီးစဉ်တွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MoU နှင့် ကျောက်ဖြူစီးပွားရေးဇုန်နှင့် ပတ်သက်သည့် MoU များ ရေးထိုးရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ဇန်နဝါရီ ၉ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာပြည်သို့လာရောက်သော ခရီးစဉ်တွင် မည်သည့် MoU များ လက်မှတ်ရေးထိုးရန် ရှိမလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဘက်က နှစ်ခု၊ သုံးခုပေါ့။ တစ်ခုကတော့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ DG အဆင့် ပူးတွဲကော်မတီ တစ်ခုဖွဲ့ဖို့၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MoU ထိုးဖို့ရယ်၊ နောက်တစ်ခုကတော့ ကျောက်ဖြူပေါ့။(ကျောက်ဖြူကရော ဘာတွေထိုးမှာလဲ) ပထမ Framework Agreement က ထိုးပြီးပြီ။ ထိုးပြီးတဲ့အခါကျတော့ ကွန်ဆက်ရှင်နယ် Agreement ရယ်၊ နှစ်ခုထိုးမှာပေါ့။ ဒါက တော့ Framework အောက်မှာရှိတဲ့ဟာတွေပေါ့။ ခုနစ်ခုလားမသိဘူး ရှိတယ်။ အဲဒီထဲက နှစ်ခုထိုးမှာပါ။ အဲဒါဆိုရင်တော့ တော်တော်လုပ်ငန်းစလို့ရပြီပေါ့” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ကျောက်ဖြူစီးပွားရေးဇုန်နှင့် ပတ်သက်၍ Framework Agreement လက်မှတ်ရေးထိုးပြီးသည့်အချိန်မှစ၍ EIA . SIA လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိရေးထိုးမည့် စာချုပ်နှစ်ခုအရ ဆိပ်ကမ်းလုပ်ဆောင်ခြင်းအပိုင်း အပါအဝင် ယင်းနှင့်ပတ်သက်သည်များကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့်ပတ်သက်၍လည်း ထပ်မံညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘယ်လောက်ရှိမလဲဆိုသည့် မေးမြန်းမှုကို “အဲဒါကတော့ ကျွန်တော်တို့က အသေးစိတ်ပြန်ပြီးတော့ ခန့်မှန်းရဦးမှာပါ။ ပထမတုန်းကတော့ သူတို့ Project တစ်ခုလုံးအတွက် ခုနစ်ဘီလျံ လောက် US ဒေါ်လာပေါ့။ အဲဒီလောက်မှန်းတာပေါ့။ Deep Sea Port ကတော့ ကျွန်တော်တို့က နည်းနည်းလေး ပြန်တန်ဖိုး လျှော့ချလိုက်ပြီးတော့ တစ်ဘီလျံကျော်ကျော်လောက်နဲ့လုပ်ဖို့ပေါ့။ အခု ပထမဆုံးကတော့ Deep Sea Port စပြီး လုပ်နေပါပြီ” ဟု ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားသည်။
စိုက်ပျိုးရေးနှင့်ပတ်သက်သည့် MOU သုံးခု၊ လေးခုခန့် လက်မှတ်ရေးထိုးရန်ရှိပြီး ဆန်ကွဲတင်ပို့ရန်ကိစ္စ၊ ကျွဲနွားအရှင်တင်ပို့ရန်ကိစ္စ၊ တစ်သျှူးငှက်ပျောကိစ္စ စသည်များ ပါဝင်ကြောင်း၊ ကုန်သွယ်မှုတွင် အတားအဆီး ဖြစ်နေသည်များကို ဖြေလျှော့ရန်ထက် ၎င်းတို့၏ Standard ကို လိုက်မီအောင် လုပ်ရမည့် သဘောမျိုးဖြစ်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
