ညောင်တုန်းမြို့ မြို့ပတ်တာတစ်လျှောက် ၂၁ လမ်းနှင့် ၂၃ လမ်း ကြားတွင် ဇန်နဝါရီ ၈ ရက်က တာအလျားပေပေါင် ၃၆၅ ပေခန့် တာပေါင်မြေသားများ နိမ့်ကျမှု ဖြစ်ပွားခဲ့သောကြောင့် အရေးပေါ်အခြေအနေအဖြစ် စာသင်ကျောင်း တစ်ကျောင်းပါ ပြောင်းရွှေ့ခဲ့ရပြီးအ ကြီးအစားပြင်ဆင်ထိန်းသိမ်းမှုများ အလျင်အမြန် ပြုလုပ်ရန်လိုအပ်နေကြောင်း သိရသည်။
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာတွင် တည်ဆောက်ထားသော ညောင်တုန်းမြို့မှာ မြို့ပတ်တာကိုသာ အားပြုနေထိုင်နေရပြီးနှစ်စဉ် မိုးရာသီကာလ ရောက်ရှိချိန်တိုင်း မြစ်ရေကြီးမြင့်မှုကို ကြုံတွေ့ရသည့် မြို့ဖြစ်ကြောင်း၊ ညောင်တုန်းမြို့ မြို့ပတ်တာကို ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ကွန်ကရစ်တာအဖြစ် အစိတ်အပိုင်းအချို့ကို မြှင့်တင်ခဲ့သေးသော်လည်း မြေသားတာအဖြစ် အစိတ်အပိုင်းအချို့လည်း ကျန်ရှိနေခဲ့သေးကြောင်း၊ ကျန်ရှိနေသော အစိတ်အပိုင်းများအနက် ၂၁ လမ်း နှင့် ၂၃လမ်းကြားရှိ မြို့ပတ်တာအစိတ်အပိုင်း ၃၆၅ ပေခန့်မှာ ဇန်နဝါရီ ရရက် ညပိုင်းမှ စတင်ကာ မြေသားနိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့ပြီး အလျားပေ ၁၅၀ ခန့်မှာမူ ကိုးပေခန့်အထိမြစ်အတွင်းသို့ နိမ့်ဆင်းသွားခဲ့ကြောင်း၊ မြို့ပတ်တာပြိုကျမှုကြောင့် မြို့ပတ်တာအနီးရှိ စာသင်ကျောင်းတစ်ကျောင်းနှင့် လမ်းမီးတိုင်များကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရပြီး လူနေအိမ် ခြေအချို့ကိုပါ ဆက်လက်ပြောင်းရွှေ့ပေးရန် ပြင်ဆင်နေကြောင်း သိရသည်။
“ညောင်တုန်းကမ်းပါးက ၇ ရက်၊ ၈ ရက် ပေါ့နော် စတာပေါ့။ ပထမ အက်ကြားလေး အက်တာကတော့ ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်တည်းက အက်တာ။ နှစ်ပတ်ကျော် လောက်ထဲက အက်တာ၊ ဆိုးဆိုးရွားရွားဖြစ် တာကတော့ ၇ ရက်နေ့တည်းက စဖြစ်တယ်။ ၈ ရက်နေ့ကျတော့ ပိုဆိုးသွားတာပေါ့။ ၈ ရက် နေ့မှာ အားလုံးပေါင်း ဖြစ်စဉ်က ၃၆၅ ပေပေါ့။အဲဒီမှာ ဆိုးဆိုးရွားရွားဖြစ်သွားတာက ပေ ၁၅ဝလောက်ရှိတယ်။ အနိမ့်ဆုံးကိုးပေလောက် အထိ ကျွံကျသွားတယ်။ နိမ့်ဆင်းသွားတာပေါ့ ကမ်းပတ်တာကြီးပေါ့။ ကျန်တာတွေကတော့ ပပ်ကြားအက်နည်းနည်းစီအက်တယ်။ ပပ် ကြားအက်ကြီးတာလည်းရှိတယ်။ အလယ် ခေါင်က ပေ ၁၅၀ လောက်ကတော့ ကိုးပေလောက်အထိ နိမ့်သွားတယ်။ လောလောဆယ်တော့ စာသင်ကျောင်းလေးတစ်ကျောင်း ကို ပြောင်းရွှေ့ဖို့အတွက် ဒီနေ့တော့ လုပ်နေတယ်။ ရေဝိုင်း အမကကျောင်းပေါ့။ အရေးပေါ်ပြင်ဆင်မှုကတော့ ကမ်းနဲ့နီးတဲ့ ဓာတ်တိုင်တို့ဘာတို့ကိုတော့ ရွှေ့ထားတယ်။ လူနေအိမ်တွေကတော့ နည်းနည်းစောင့်ကြည့်တဲ့ အနေအထား ရှိသေးတာပေါ့။ သူက ကမ်းပါးပြိုတာ မဟုတ်ဘဲ အိဆင်းလာတာဆိုတော့လေ။ ဒီနေ့တစ်ရက်တော့ စောင့်ကြည့်နေတဲ့ အနေအထားရှိတယ်။ အရေးပေါ်ပြင်ဆင်မှုကတော့ အသေးစိတ်တော့ မဆွဲရသေးဘူး။ ဒီနေ့မှစလုပ်မှာ အခြေအနေ စောင့်ကြည့်တဲ့အနေအ ထားပဲရှိသေးတယ်။ သိပ်ဆိုးဆိုးရွားရွားဖြစ် လာရင်တော့ နီးစပ်ရာကမ်းပါးက အိမ်တွေက ရွှေ့ပြောင်းဖို့လုပ်ရမှာ။ အနီးဆုံးက အိမ်ခြေ ၁၉ လုံး၊ အလုံး ၂၀ လောက်တော့ရှိမယ်။ မြို့ခံလူထုကတော့ တစ်မြို့လုံးရဲ့ကိစ္စမို့ စိုးရိမ်စရာတော့ အများကြီးဖြစ်တာပေါ့။ ဒီနေရာ ကမ်းပြိုသွားရင် မိုးတွင်းကျရင် တစ်မြို့လုံးရေ လွှမ်းမယ့်အနေအထားရှိတယ်။ မြို့ကလည်း ရေကြီးချိန်ဆိုရင် အနည်းဆုံး ငါးပေလောက် မြင့်တက်မှာကို မြို့ပေါ်ကို၊ ဒါကတော့ အဓိက မြို့ ရဲ့စိုးရိမ်မှုပဲ။ မြို့တစ်မြို့ရဲ့ အန္တရာယ်ပဲ၊ မြစ်ကမ်းပါးမှာ တည်ထားတာလည်း ဖြစ်နေ တာကိုး။ ဒါဒီနှစ်ကို အရေးပေါ်ရန်ပုံငွေကပဲ ဖြစ်ဖြစ် တစ်ခုခုကပဲဖြစ်ဖြစ် အရေးပေါ်လုပ်ငန်း တစ်ခုအနေနဲ့ဆောင်ရွက်မှကိုဖြစ်မယ်။ မဟုတ်ရင် လာမယ့်နှစ်ကျ ညောင်တုန်းမြို့ရဲ့ အခြေအနေက မြစ်ရေအောက်မှာ ရောက်သွားနိုင်တဲ့အနေအထားရှိတယ်” ဟု ညောင် တုန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။
ညောင်တုန်းမြို့သည် ၁၉၉၈-၉၉ ခုနှစ် မှတ်တမ်းများအရ အကျယ်အဝန်း ဧရိယာဧက ၁၉၂၈ ဧကရှိခဲ့ရာမှ မြစ်ရေတိုက်စားမှုကြောင့် ယနေ့အချိန်တွင် ၁၆၀၂ ဧကခန့်သာ ကျန်ရှိတော့ကြောင်း၊ မြစ်ကမ်းပါးပြိုကျမှုကို ကာ ကွယ်နိုင်ရန် Permanent Structure ဖြင့် အလျားပေ ၁၄၀၀၀ ရှိ မြစ်ကမ်းထိန်းတာတစ်ခုကို တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရ က ဘဏ္ဍာငွေတင်ပြတောင်းခံထားချိန်တွင် ယခုကဲ့သို့ တာပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
