သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ တရားလိုပြ သက်သေအဖြစ် အောင်ရဲထွေး၏ ရည်းစားဖြစ်သူအား စစ်ဆေးရာ ရဲထံ ထွက်ဆိုချက်နှင့် တရားရုံး ထွက်ဆိုချက် ကွဲလွဲခဲ့ကြောင်း တရားခွင်အတွင်း ထွက်ဆိုချက်အရ သိရသည်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ တရားလိုပြ သက်သေအဖြစ် အောင်ရဲထွေး၏ ရည်းစားဖြစ်သူ အပါအဝင် သုံးဦးအား အရှေ့ပိုင်းခရိုင် တရားရုံးတွင် နိုဝင်ဘာ ၆ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက်တွင် စစ်ဆေးရာ၌ ရုံးတော်ရှေ့တွင် အောင်ရဲထွေး၏ ရည်းစား အပါအဝင် သုံးဦးစလုံးကို နှစ်ဖက်ရှေ့နေများက စစ်ဆေးခဲ့ပြီး အောင်ရဲထွေး၏ ရည်းစားဖြစ်သူ ထွက်ဆိုချက်အချို့မှာ ရုံးတော်တွင် ထွက်ဆိုချက်နှင့် ရဲရှေ့တွင် ထွက်ဆိုချက်များမှာ ကွဲလွဲနေသည်ဟုဆိုပြီး တရားလိုဘက်မှ ဥပဒေအရာရှိက သက်သေ ဥပဒေပုဒ်မ ၁၄၅၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ တရားသူကြီးထံသို့ တိုက်ရိုက် စစ်ဆေးခွင့်နှင့် မေးမြန်းခဲ့ရကြောင်း သိရသည်။
သရုပ်ဆောင် အောင်ရဲထွေး၏ ရည်းစားဖြစ်သူမှာ သုဝဏ္ဏနယ်မြေ ရဲစခန်းမှူးရှေ့တွင် အောင်ရဲထွေး အစ်ကိုဖြစ်သူ နေဇင်လတ်က သားကြီးဆိုသူထံ မီးခြစ်တောင်းရာမှ ရန်ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရပြီး နိုဝင်ဘာ ၆ ရက် စစ်ဆေးရာ၌ ရုံးတော်ရှေ့တွင် မည်သူ နှင့်ရန်ဖြစ်သည်ကို မသိရှိဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
တရားရုံးက တရားလိုပြ သက်သေများအား စစ်ဆေးသည်မှာ နိုဝင်ဘာ ၆ ရက်တွင် စစ်ဆေးခဲ့သည့် အောင်ရဲထွေး၏ ရည်းစား၊ The One Entertainment Event Park မှ လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့်ဆိုလျှင် တရားလိုပြ သက်သေ စုစုပေါင်း ရှစ်ဦးအား စစ်ဆေးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
င်္Facebook ပေါ်တွင် ဟာသဗီဒီယိုများ တင်ရာမှ လူသိများလာခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် နှစ်သစ်ကူးညက The One Entertainment တွင် ပြုလုပ်သည့် ဖျော်ဖြေရေးပွဲ သွားရောက်ခဲ့ရာ အမည်မသိ လူတစ်စု၏ ၀ိုင်းဝန်း ရိုက်နှက် ခံခဲ့ရခြင်းဖြစ်ပြီး ရိုက်နှက်ခံရခြင်းကြောင့် ဦးခေါင်းခွံကြေမွ ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီး၌ ဇန်နဝါရီ ၂ ရက် ၂၀၁၈ ခုနှစ် ညနေက သေဆုံးခဲ့ခြင်း ဖြစ်သည်။
အုပ်စုဖွဲ့ ရိုက်နှက်သူများကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇော တို့ဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သုဝဏ္ဏနယ်မြေ ရဲစခန်းက ပုဒ်မ၃၀၂ ဖြင့် အမှုဖွင့်ကာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အမှုကို တရားလိုဘက်မှ အမှုပြန်လည် ရုပ်သိမ်းခဲ့ပြီး တရားလိုပြသက်သေ ၂၂ ဦး အနက် ၁၄ ဦးမှာ ထွက်ဆိုချက်ပေးခဲ့ပြီးနောက် ခိုင်လုံသည့် သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိဟုဆိုကာ ပြစ်မှုကျူးလွန်သူ သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအား ယခင်က အရှေ့ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည် စစ်ဆေးစဉ်က တရားလိုပြသက်သေ ၁၆ ဦးအား စစ်ဆေးပြီးချိန် စွဲချက်မတင်မီ၌ အမှုရုပ်သိမ်းပြီး သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့အား အမှုမှ တရားရှင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လွှတ်ပေးမှုအား စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ အမှုအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြန်လည် စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့သည်။
အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး လာဘ်ငွေ ရယူခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ခြောက်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့ပြီး လက်ရှိတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
