မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍအသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးပါသည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ (ADS) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
နေရာအနှံ့ ဆင်းရဲမှုပုံစံအားလုံး အဆုံးသတ်ရေး၊ ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝမှုတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်စိုက်ပျိုးမှု ဖြစ်ပေါ်တိုးတက်စေရေးလုပ်ငန်းများ ရည်ရွယ်ချက်ပြည့်မီရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လယ်ယာကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်ဖိုရမ် အဆင့်မြင့်ဆွေး နွေးပွဲကို နိုဝင်ဘာ ၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချမ်းရှမြို့တွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို (၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ) အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး မတည်ရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းအကောင် အထည်ဖော်ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အောက်ရှိ စီမံကိန်းလုပ်ငန်းစဉ်များကို ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ လာမည့်အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သော စီမံကိန်းလိုအပ်ချက်များအရ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြင့် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု တိုးတက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ကျခြင်း၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေပိုမိုမြင့်မားလာခြင်းနှင့် သာတူညီမျှမှုရှိလာခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာမှုနှင့် လယ်သမားများ၏ ရပိုင်ခွင့်များပိုမိုခိုင်မာလာမှုစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာသည် အဓိကထပ် ဆင့်ရလဒ် သုံးခု၊ ချက်ချင်းရလဒ် ၂၇ ခု၊ လုပ်ဆောင်ချက် ၂၇၀ ခုတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှစ်ခုအပါအဝင် ဦးစီးဌာန ၁၂ ခုတို့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
