မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးတာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ကြီးနှစ်ဦးအပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးကို အစားထိုး ပြောင်းလဲလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေနှင့်အညီ အကြောင်းကြားချက်အရ အစားထိုးပြောင်းလဲခဲ့ကြောင်း နိုဝင်ဘာ ၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်သည်။
ထိုသို့အစားထိုးပြောင်းလဲခဲ့သည့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော်တွင် ရှစ်ဦး၊ ပြည်သူ့လွှတ်တော်တွင်ရှစ်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၃၀ ဦးတို့ဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၌ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသူရမျိုးတင်အစား ဗိုလ်မှူးကြီးနေလင်းထွန်းဖြင့် အစားထိုးပြောင်းလဲခဲ့သည်။
ထို့ပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးအစား ဗိုလ်မှူးကြီး နေထွဋ်ဦးဖြင့် အစားထိုးပြောင်းလဲခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်တွင် စုစုပေါင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်နှစ်ဦးအား အစားထိုး ပြောင်းလဲခဲ့သည်။
ထို့အတူ ပြည်နယ်လွှတ်တော်များဖြစ်သည့် ကယားပြည်နယ်လွှတ်တော်တွင်တစ်ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်တွင် တစ်ဦး၊ ကရင်ပြည်နယ်လွှတ်တော်တွင် နှစ်ဦး၊ ချင်းပြည်နယ်လွှတ်တော်တွင် ခုနစ်ဦး စုစုပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးကို အစားထိုးပြောင်းလဲခဲ့သည်။
အလားတူ တိုင်းဒေသကြီးလွှတ်တော်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်တွင် တစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင်နှစ်ဦး၊ မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်တွင်နှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ခြောက်ဦး၊ ဧရာဝ တီတိုင်းဒေသကြီးလွှတ်တော်တွင် သုံးဦးစုစုပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးကို အစားထိုးပြောင်းလဲခဲ့သည်။ အမျိုးသားလွှတ်တော်တွင် အစားထိုး ပြောင်းလဲခဲ့သည့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ရှစ်ဦးတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ အမြင့်ဆုံးဖြစ်ပြီး အသစ် အစားထိုးလိုက်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် အမြင့်ဆုံးပါဝင်သည်။
ပြည်သူ့လွှတ်တော်တွင် အစားထိုး ပြောင်းလဲခဲ့သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးတွင် ဗိုလ်မှူးချုပ်အဆင့်မှာ အမြင့်ဆုံးဖြစ်ပြီး အသစ်အစားထိုးလိုက်သည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များတွင် ဗိုလ်မှူးကြီးအဆင့် မှာ အမြင့်ဆုံးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
