လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ် ရောင်းချမှုလုပ်ငန်းကဏ္ဍတွင် Ford ၊ Daewoo ၊ Suzuki နှင့် Scania အမှတ်တံဆိပ်များဖြင့် မော်တော်ကား တပ်ဆင်ထုတ်လုပ် ရောင်း ချမှုလုပ်ငန်းကို နိုင်ငံပေါင်းခြောက်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၄၀ ကျော်အထိ ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်တွင် ဂျပန်နိုင်ငံ Suzuki (Myanmar)Motor Co.,Ltd က ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေါ်လာခုနစ်သန်းမြှုပ်နှံကာ Suzuki အမှတ်တံဆိပ် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။
တရုတ်ကုမ္ပဏီ Khaing Khaing Sang Da Group Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၃၊ ၄တွင် ဒေါ်လာနှစ်သန်းကျော်မြှုပ်နှံကာ မော်တော်ယာဉ်ထုတ်လုပ် ခြင်းနှင့် ရောင်းချခြင်း လုပ်ကိုင်လျက်ရှိသည်။
မလေးရှားကုမ္ပဏီ Tan Chong Motor (Myanmar) Co.,Ltd က ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်လှိုင်သာယာစက်မှုဇုန်(၁)နှင့် ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန် နယ်မြေတို့တွင် Nissan အမှတ်တံဆိပ် မော်တော်ကား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ဒေါ်လာသန်း ၅၆၀ နီးပါးမြှုပ်နှံကာ လုပ် ကိုင်လျက်ရှိသည်။
စင်ကာပူကုမ္ပဏီ SC AUTO (Myanmar) Company Limited က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း Scania အမှတ်တံဆိပ် ခရီးသည်တင်ယာဉ်များ တပ်ဆင်
ထုတ်လုပ် ရောင်းချခြင်း၊ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။
စင်ကာပူကုမ္ပဏီ CAPITAL MOTORS Limited က ဖက်စပ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် Ford အမှတ်တံဆိပ် မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်
(အရှေ့) စက်မှုဇုန်တွင်လည်းကောင်း၊ ဟောင်ကောင်ကုမ္ပဏီ Gold AYA Motors International Group Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေါ်လာ ၁၅ သန်းကျော် မြှုပ်နှံ၍ လည်းကောင်း၊ စင်ကာပူကုမ္ပဏီ Shwe Daehan Motors Co.,Ltd က ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် သာဓုကုန်စက်မှုဇုန်၌ ဒေါ်လာ ၁၀ သန်းနီးပါးမြှုပ်နှံ၍လည်းကောင်း မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းနှင့်ရောင်း ချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည်။
မလေးရှားကုမ္ပဏီ Go Excellent (Myanmar) Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုမြို့တွင် ဒေါ်လာ ခုနစ်သန်းကျော်မြှုပ်နှံကာ မော်တော်ယာဉ်တပ် ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်လျက် ရှိသည်။
ကိုရီးယားကုမ္ပဏီ Daewoo Bus Myanmar Co., Ltd က ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း ဒေါ်လာ ငါးသန်းနီးပါးမြှုပ်နှံကာ ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
မြန်မာနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင် ရောင်းချခြင်းလုပ်ငန်းကဏ္ဍတွင် စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့က ဒေါ်လာ သန်း ၆၄ဝကျော်မြှုပ်နှံကာ ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
