၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်းအဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၈၀၀၀ ဝန်း ကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ငှားရမ်းခ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က စျေးကွက်သုံးသပ်ထားသည်။
၂၀၁၈ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိနေပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံး စတုရန်းမီတာ ၃၀၀၀၀ ဝန်းကျင်အသစ် ထွက်ရှိမည်ဖြစ်သည်။ လာမည့် ၂၀၁၉-၂၀၂၂ ခုနှစ်အတွင်း ရုံးခန်းအ ဆောက်အအုံသစ်ထွက်ရှိမှု စတုရန်းမီတာ ၆၀၀၀၀ ရှိမည်ဟု မျှော်မှန်းထားခြင်းဖြစ် သည်။၂၀၁၅ နောက်ပိုင်း ၂၀၁၈ ခုနှစ်သည် ရုံးခန်းအဆောက်အအုံသစ် ထွက်ရှိမှုအများဆုံးနှစ်ဖြစ်ခဲ့သည်။
နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းအချို့၏ လုပ်ငန်း တိုးချဲ့မှုများကြောင့် ရုံးခန်းနေရာလိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများလျော့ ကျလျက်ရှိသည်။ စျေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံနေရာများ၏ ၆၉ ဒသမ ၅ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၃ သုံးရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ငှားရမ်းခမှာ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
Colliers International ၏ ခန့်မှန်းချက်အရ ရုံးခန်းအငှားစျေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ လက်ရှိ ရုံးခန်း အဆောက်အအုံ ငှားရမ်းခများသည် တစ်တုရန်းမီတာလျှင် (တစ်လ) ဒေါ်လာ ၂၃ မှ ၅၈ ကြားရှိပြီး မြို့တွင်း နေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် စျေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံနေရာသစ်များထွက်ပေါ်မှု၊ စျေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်သည့် ရုံးခန်းအဆောက်အအုံနေရာများသည် အနာဂတ်ကာလတွင် စျေးနှုန်းရရှိမှုပိုမိုနည်းပါးလာမည်ဖြစ်သည်။ လက်ရှိစျေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှ ငှားရမ်းခစျေးနှုန်းသည် ၂၀၁၈ တတိယသုံးလပတ်တွင် ၄၃ ဒေါ်လာဝန်းကျင် ဖြစ်ပြီး ယခင် သုံးလပတ်နှင့် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၄ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၁၉ တတိယသုံးလပတ်တွင် ပျမ်းမျှငှားရမ်း ခနှုန်း ၄၁ ဒသမ ၅ ဒေါ်လာသာ ရှိမည်ဟု Colliers က မျှော်မှန်းထားသည်။
ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာသစ် ထွက်ရှိမှုသည် လာမည့်သုံးနှစ်အတွင်း ၁၀ ဒသမ ၅ ရာ ခိုင်နှုန်းအထိ တိုးတက်မှုရှိနိုင်ပြီး ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွင်း စတုရန်းမီတာ ၂၂၅၈၀၀ အထိ ထပ်မံထွက်ရှိမည်ဟု ခန့်မှန်းထားသည်။
အဆင့်မြင့်ရုံးခန်းအဆောက်အအုံများသည် ရန်ကုန်မြို့လယ်တွင် ၃၄ ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ်အနီးနေရာတွင် ၅၄ ရာခိုင် နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၂ ရာခိုင်နှုန်း တည်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
