မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်များတွင် ပျံသန်းရန် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီမှ ငှားရမ်းသည့် ATR 72-600 လေယာဉ်သစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR 72-600 XY –AML လေယာဉ်သစ်သည် နိုဝင်ဘာ ၃ ရက်က ပြင်သစ်နိုင်ငံ၊ Touluse မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ နိုဝင်ဘာ ၆ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယင်း လေယာဉ်သစ်အား ကြိုဆိုပွဲအခမ်းအနားအား နိုဝင်ဘာ ၆ ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်း Hangar တွင် ကျင်းပခဲ့သည်။
အဆိုပါ ATR 72-600 XY – AML လေယာဉ်မှာ မြန်မာအမျိုးသားလေကြောင်း လိုင်း၏ ခုနစ်စီးမြောက် ATR 72-600 Series လေယာဉ်သစ်ဖြစ်ပြီး မကြာခင်အချိန်အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း လက်ရှိပျံသန်းလျက်ရှိသော ပြည်တွင်း နှင့် ပြည်ပခရီးစဉ်များတွင် ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၌ ATR 72-600 Series အမျိုးအစား ခြောက်စင်းရှိပြီး ယခု ရောက် ရှိသည့် ATR 72-600 Series လေယာဉ်သည် နောက်ဆုံးပေါ်အမျိုးအစား လေယာဉ်သစ်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ဒီလေယာဉ်ကိုငှားရမ်းဖို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဝယ်ငှားစနစ်နဲ့ဝယ်ခဲ့တဲ့ လေယာဉ်တွေက ပြင်ဆင်စရိတ်ကြီးတယ်။ လေကြောင်းလိုင်းရဲ့ ခရီးသည်ရရှိမှုအနေအထားနဲ့ တွက်ချက်ပြီး အခုလို ငှားရမ်းဖို့စီစဉ်ခဲ့တာပါ။ ခုရောက်ရှိတဲ့ လေယာဉ်သစ်က စက်ရုံကနေ ကိုယ်လိုချင်တဲ့အနေအထားတွေကို ကြိုတင်ပြောပြပြီး ပြင်ဆင်ခဲ့တာပါ” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ ဦးသန်းထွန်းက ပြောပြခဲ့သည်။
ယခုရောက်ရှိလာသည့် ATR 72-600 XY – AML လေယာဉ်သစ်သည် နိုဝင်ဘာ ၃ ရက်က ပြင်သစ်နိုင်ငံ၊ Toulouse မြို့မှ ရန်ကုန်မြို့သို့ စတင် ထွက်ခွာလာခဲ့ခြင်းဖြစ် ပြီး ဂရိနိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့တွင် စုစုပေါင်းသုံးညအိပ်ရပ်နားခဲ့ပြီး ရန်ကုန်မြို့သို့ ပျံသန်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြင်သစ်နိုင်ငံ၊ Toulouse မြို့ကနေ ဂရိနိုင်ငံ၊ အိုမန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှ ညအိပ်ရပ်နားခဲ့ပြီးမှ ရန်ကုန်ကို ပျံသန်းလာခဲ့တာဖြစ်ပါတယ်။ စုစုပေါင်းသုံး ညအိပ်လေးရက်နဲ့ လေမိုင် ခြောက်ထောင် ကျော်ပျံသန်းလာခဲ့တာဖြစ်ပါတယ်” ဟု ATR 72-600 XY – AML လေယာဉ်အား ပြင်သစ်နိုင်ငံ Toulouse မြို့မှ ရန်ကုန်မြို့သို့ သယ်ယူမောင်းနှင်လာသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူး ဦးအောင်ကျော်ဇောက ပြောပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
