ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကောင်အထည်ဖော်သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးစီမံကိန်း ဒုတိယပိုင်းအတွက် ဥရောပသမဂ္ဂမှ ယူရို ၁၂ သန်းထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ယခုအစီအစဉ်ကို ပြည်တွင်းမှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း၊ မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့နှင့် ပြည်ပမှ OXfam ၊ SWISSAID ၊ Tro'car အဖွဲ့တို့ က ဒေသခံအရပ်ဘက်အဖွဲ့အစည်း ၂၅ ဖွဲ့ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး Kristian Schmidt က နိုဝင်ဘာ ၇ ရက်တွင် မြစ်ကြီးနားမြို့ စီးတီးပတ်ရွိုင်ရယ်တွင်ပြုလုပ်သည့် အခမ်းအနားတွင် “ပြီးခဲ့တဲ့သုံးနှစ်ခွဲအတွင်းမှာ ကချင် ပြည်နယ်က ပဋိပက္ခဒဏ်ကို ခံစားရသည့် ပြည်သူ ၈၅၀၀၀ ဝန်းကျင်ကို ကူညီခဲ့ပါတယ်။ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ သိနေတဲ့အတွက် ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် စတင်ပြောင်းလဲလာတဲ့အချိန်ကစပြီး နိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် စတင်ကူညီထောက်ပ့ံခဲ့တာ ဖြစ်ပါ တယ်။ ၂၀၁၅ ခုနှစ်ကစပြီး စစ်ဘေးရှောင်တွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေ တိုးတက်ဖို့ကူညီခဲ့တယ်။သူတို့ ထုတ်လိုက်တဲ့ ထုတ်ကုန်လေးတွေကို ရောင်းချဖို့ အကူအညီတွေရခဲ့တယ်။ သူတို့မိသားစုအတွက်လည်း ဝင်ငွေရှာဖွေနိုင်ခဲ့ပါတယ်။စစ်ရှောင်ပြည်သူတွေရဲ့ ထိခိုက်လွယ်မှုအခြေ အနေတွေကို လျှော့ချဖို့နှင့် သူတို့ဘဝတွေ ပင်ပန်းခက်ခဲနေပေမဲ့လည်း ဂုဏ်သိက္ခာရှိစွာ နေထိုင်ရပ်တည်နိုင်ရေး ကူညီပေးဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် DPP (ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အစီအစဉ်)ကို လာမယ့် ၂၀၂၂ ခုနှစ်အထိ ကချင်ပြည်နယ်မြို့နယ် ၁၈ မြို့နယ်နဲ့ရှမ်း ပြည်မြောက်ပိုင်းမှာ တစ်ပြိုင်တည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပြည်နယ်နှစ်ခု စလုံးမှာ ဒေသခံလူမှုအဖွဲ့အစည်း ၂၅ ဖွဲ့နဲ့အနီးကပ်လုပ်ဆောင်မှာဖြစ်ပြီး အဲဒီအဖွဲ့ လေးတွေကို သုံးနှစ်ခွဲအတွင်းမှာ ယူရို သုံး သန်း (မြန်မာငွေ ၅ ဒသမ ၄ ဘီလျံ) လောက် Sub-grant အနေနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မှာရှိတဲ့ ပြည်သူတွေအနေနဲ့အခြားသူတွေ ကလာပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးကြတာကိုပဲ စောင့်ပြီး အမြဲတမ်းငြိမ်သက်စွာ ယူနေဖို့ မလိုပါဘူး။ အနာဂတ်အတွက် ဂုဏ်သိက္ခာနဲ့ မျှော်လင့် ချက်တွေအတွက် ဒေသခံပြည်သူတွေကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပြော ဆိုခွင့်ရှိတယ်လို့ဥရောပသမဂ္ဂအနေနဲ့ ယုံကြည်ပါတယ်။ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေး ဆိုင်ရာ အဖြေရှာနိုင်ရေး ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုတွေအတွက် ဆက်လက် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ထောက်ပ့ံမှု မပါရင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။လက်ရှိမှာ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေလိုအပ်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် အချို့နေရာတွေကို သွားရောက်ဖို့ အတားအဆီးတွေ ရှိနေပါတယ်။ ဒါဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထား မှု ဥပဒေကို မလိုက်နာရာရောက်ပါတယ်။တောင်းဆိုချင်တာက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးရေး အကူအညီတွေပေးနိုင်ဖို့အတွက် ရှိနေတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောကြားသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အကူအညီပေးနိုင်ရေး အတွက် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့သူများ၊ ဥရောပသမဂ္ဂ ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေး လုပ်ငန်းစဉ် များမှာ တွဲလျက်ရှိနေပါကြောင်း၊ ကချင်ပြည် နယ်သည်ဘက်ပေါင်းစုံဖွံ့ဖြိုးရေးအတွက် အကူအညီများလည်း ဆက်လက်လိုအပ် လျက်ရှိပါကြောင်း၊ လူမှုအဖွဲ့အစည်းများ ကိုလည်းတတ်နိုင်သည့်ဘက်မှ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
ဥရောပသမဂ္ဂသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် ပထမ ပိုင်း ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်ကာလ အတွင်း ယူရို ခုနစ်သန်း(မြန်မာငွေ ၁၂ ဒသမ ၆ ဘီလျံ)ထောက်ပံ့ခဲ့ပြီး လူဦးရေ ၈၅၀၀၀ ဝန်းကျင်ကို ကူညီခဲ့သည်။ ယင်း အဖွဲ့သည် ဒုတိယပိုင်းတွင် ကချင်ပြည်နယ် မှ ၁၈ မြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ ၂၅ မြို့နယ်တို့တွင် လူဦးရေ တစ်သိန်းနှစ် သောင်းကျော်ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီအထိ ကူညီရန် ယူရိုငွေ ၁၂ သန်း (မြန်မာကျပ်ငွေ ၂၁ ဒသမ ၈ ဘီလျံ) ကူညီ ထောက်ပံ့မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
