ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသတွင် တံတားနှစ်စင်းနှင့် ရေထိန်းနံရံတစ်ခုမှာ လုပ်ငန်းပြီးစီး၍ အပ်နှံပြီး ခုနစ်လကျော်အကြာတွင် ပျက်စီးနေမှုကို စိစစ် အရေးယူပေးရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာရာတွင် လန်ဆယ် နှစ်ထပ် ပေ ၂၀၀ တံတား အောက်ခြေတွင် ရေတိုက်စားထားကြောင်း၊ အောက်ခြေတွင် ပီပါပုံးဖြင့် ထောက်ထားသည်ကို တွေ့ရကြောင်း၊ ထန်နန်တံတားမှာ ရေတိုက်စားမှုကြောင့် တံတား အောက်ခြေ ကျွံကျသွားကြောင်း၊ တံတား ချဉ်းကပ်လမ်းမှာ အက်ကြောင်းများ ဖြစ်ပေါ်နေကြောင်း၊ တန်နန်တံတားမှာ ဆိုင်ကယ်ဖြင့် သွားလာနိုင်သည့် လမ်းပေါ်တွင် တည်ဆောက်ထားသည့် တံတား မဟုတ်ကြောင်း၊ ရေတားတမံတစ်ခုမှာ တစ်လက်မကျော်ခန့်သာ ကွန်ကရိဖြင့် အုပ်ထားပြီး အက်ကြောင်းများ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက “ကျွန်တော်တို့တွေ့တဲ့ ဒီတံတားနှစ်စင်းနဲ့ ရေထိန်းနံရံကို ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်မှာ လုပ်တယ်လို့ သိရတယ်။ လွန်ခဲ့တဲ့ သုံးလပိုင်းကမှ အပ်တာပါ။ ဌာနကို အပ်ထားတာ ရှစ်လတောင် မပြည့်သေးဘူး။ ကျွန်တော်တို့ မှတ်မိတာက တံတားတစ်စင်းက သိန်း ငါးထောင်၊ တစ်စင်း သိန်းသုံးထောင်ဆိုတာ အကြမ်းဖျင်း မှတ်မိတယ်။ ရေတားတမံက သိန်းလေးရာနီးပါးပေါ့။ သုံးခုစလုံးကို ဆောက်လုပ်တာက ကုမ္ပဏီတစ်ခုတည်းလို့ သိရတယ်။ တင်ဒါအောင်ကုမ္ပဏီက တစ်ခု၊ ဆောက်တာ တစ်ခုဆိုတော့ ဥပဒေနဲ့လည်း မညီဘူး။ လွှတ်တော်မှာလည်း ကြယ်ပွင့်ပြမေးမယ်။ စည်းကမ်းနဲ့ မညီတဲ့သူတွေ၊သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း မလုပ်ဆောင်သူတွေကို အရေးယူပေးဖို့ မေးမြန်းသွားမှာပါ။ ကျွန်တော့်ကိုယ်တွေ့ အမြင်အရ တံတားနဲ့ ရေကာတာ ပျက်စီးတာက သဘာဝဘေးဒဏ်ကြောင့် မဟုတ်ပါဘူ။ သူ့ အထက်က အခြားကုမ္ပဏီက ဆောက်တဲ့တံတားက ဘာမှမဖြစ်ဘူး” ဟု ပြောကြားသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က “တံတားက နတလ တံတားပါ။ လွန်ခဲ့တဲ့အပိုင်းကတော့ ကျွန်တော့်ကို မိတ္တူပေးတာ ရှိတယ်။ ကျွန်တော်တို့ဆီ တိုက်ရိုက် အကြောင်းကြားတာ မရှိသေးဘူး” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်း မေခမြစ်ဖျားပိုင်းရှိ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ နှင့် လကင်ကျေးရွာဒေသများတွင် ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်း ရေကြီးမှုကြောင့် လူသေဆုံးမှု မရှိခဲ့သော်လည်း ကျေးရွာပေါင်း ၁၃ ရွာမှ အိမ်ခြေပေါင်း ၂၁၂ အိမ် ထိခိုက်ပြီး အိမ်ခြေ ၁၁၄ အိမ် ရေထဲမျောပါခဲ့ပြီး လူပေါင်း ၁၃၀၀ ကျော် ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။
ကချင်ပြည်နယ် လွှတ်တော်တွင် လမ်းလုပ်ငန်း၊ စာသင်ကျောင်း၊ ရုံးအဆောက်အအုံများနှင့်ပတ်သက်၍ စံချိန်မမီမှုများကို ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးများတွင် မေးမြန်းမှုများ မကြာခဏကြုံတွေ့ နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
