စက်တင်ဘာ (၁၆)ရက်က YRG FC အသင်းနှင့် Divine အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည့် MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ ဗိုလ်လုပွဲတွင် YRG FC အသင်းက (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို တဆက်တည်းပြုလုပ်ခဲ့ရာအသန့်ရှင်းဆုံး အသင်းဆု ရရှိသော Phoenix FC အသင်းကို MFF ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်းကို ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော Divine FC အသင်းမှ ချောစန္ဒီအောင် ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည် က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၂) သိန်းကို ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဆု ရရှိသော YRG FC အသင်းမှ မေဇင်ဦး ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်စောဦးက အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် (၂) သိန်းကို ပေးအပ်ခဲ့သည်။
ထို့နောက် တတိယဆု ရရှိသော Pacific Sun Far FC အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး ငွေကျပ် (၁၅)သိန်းကို ပေးအပ်ခဲ့ပြီး ဒုတိယဆု ရရှိသော Divine FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် သိန်း (၂၀) ကို ပေးအပ်ခဲ့သည်။
ထို့နောက် ပထမဆု ရရှိခဲ့သောYRG FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီး ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုကြေးငွေ ကျပ်သိန်း (၃၀)နှင့် ချန်ပီယံ ဆုဖလားအား ပေးအပ်ခဲ့သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
