ဒူဘိုင်း၊စက်တင်ဘာ ၁၆
ဂါဇာကမ်းမြောင်ဒေသ၌ ပိုလီယိုကာကွယ်ဆေးကို ၉၀ % အထိ ထိုးနှံထားနိုင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အေဂျင်စီအကြီးအကဲကပြောကြားခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် လကုန်ချိန်၌ အဆိုပါကလေ-းငယ်အားလုံးကို ဒုတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးပေးနိုင်ရန် ဂရုစိုက်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အစ္စရေးနှင့်ဟားမတ်စ်အကြားဆက်လက်ဖြစ်ပွားနေဆဲပြဿနာများကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစတင်ခဲ့သည့် ပိုလီယိုကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုသည် အခက်အခဲများစွာရင်ဆိုင်ခဲ့ရသော်လည်း ဂါဇာရှိ အသက် ၁၀ နှစ်အောက်ကလေ-းငယ်ပေါင်း ၆၄၀,၀၀၀ ကို ပထမအကြိမ်အောင်မြင်စွာထိုးပေးနိုင်ခဲ့ပြီဖြစ်သည်။
နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာရှိကလေ-းငယ်တစ်ဦးသည် အမျိုးအစား ၂ ပိုလီယိုရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအတည်ပြုပြောကြားခဲ့သည်။
သို့သော် ယခုအခါ ဂါဇာ၌ ကာကွယ်ဆေးထိုးနှံမှု ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးအောင်မြင်ထားပြီးဖြစ်ကာ ဂါဇာတောင်ပိုင်းနှင့်အလယ်ပိုင်းရှိ ကလေ-းငယ် ၄၄၆,၀၀၀ ကိုကာကွယ်ဆေးထိုးနှံထားနိုင်ပြီး စက်တင်ဘာ ၁၀ ရက်ကစကာ လက်ရှိပဋိပက္ခများဖြစ်ပေါ်နေသည့် မြောက်ပိုင်းမှ ကလေ-းငယ် ၂၀၀,၀၀၀ ကို ကာကွယ်ဆေးစတင်ထိုးပေးနေပြီဖြစ်ကြောင်းလည်းသိရသည်။
Source : ရိုက်တာ/အီးစီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
