ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် လိုက်ပ်ဇစ် (၃-၂) မန်ယူပွဲအပြီးတွင် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုစာရင်း၌ ထိပ်ဆုံးတွင် ဦးဆောင်လာကြောင်း သိရှိရသည်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)ပွဲ ကစားပြီးချိန်တွင် နောက်တစ်ဆင့်သို့တက်ရောက်ရန် ရမှတ် (၁)မှတ်သာ လိုတော့သော မန်ယူအသင်းသည် နောက်ဆုံးပွဲစဉ် (၂) ပွဲတွင် PSG နှင့် လိုက်ပ်ဇစ်အသင်းတို့ကို ဆက်တိုက်ရှုံး နိမ့်ပြီး အုပ်စုအဆင့်မှထွက်ခဲ့ရခြင်းဖြစ်သည်။
ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီးနောက် ဆိုးလ်ရှားအပေါ် ဖိအားများ ကြီးမားစွာကျရောက်လာပြီး မန်ယူနည်းပြရာထူးနှင့် လမ်းခွဲရရန် အချိန်မဝေးကွာတော့ဟု ဗြိတိန်သတင်းစာများက သုံးသပ်ဖော်ပြခဲ့ကြသည်။ ထို့အတူ ဘောလုံးလောင်းကစားဒိုင်များကလည်း နောက်ထုတ်ပယ်ခံရမည့် ပရီးမီးယားလိဂ်နည်းပြရေပန်းစားမှုစာရင်း၌ ၎င်းကို(၂း၁)လေးဖြင့် ထိပ်ဆုံးမှ ကြေးဖွင့်ခဲ့ကြကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် ဆိုးလ်ရှား၏မန်ယူအသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ လာမည့်ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရရှိမည့် အဆင့်(၄)နေရာနှင့် (၂)မှတ်အကွာ အဆင့်(၆)နေရာတွင် (တစ်ပွဲလျော့ပြီး)ရပ်တည်နေသော်လည်း ဆိုးလ်ရှားမှာ ထုတ်ပယ်ခံရမည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် ထိပ်ဆုံးသို့ပြန်ခုန်တက်လာခဲ့ခြင်းဖြစ်သည်။
သူ၏နေရာအစားထိုးမည့်နည်းပြစာရင်းတွင်မူ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုက ဦးဆောင်နေကြောင်းသိရှိရသည်။ စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုသည် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ၊ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၊ PSG အသင်းနည်းပြ တူဟယ်လ်တို့၏အထက်တွင် (၄း၉)ဖြင့် ဦးဆောင်နေခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ သည်။ လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့်(၁၅)နေရာတွင်ရပ်တည်နေသည့် အာဆင်နယ် အသင်း၏နည်းပြဖြစ်သူ အာတီတာမှာမူ နောက်ထုတ်ပယ်ခံရမည့် နည်းပြစာရင်း၌ ဆိုးလ်ရှား၊ ခရစ္စဝိုင်လ်ဒါ၊ ဘီလစ်တို့၏နောက် စတုတ္ထနေရာတွင်ရပ်တည်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
