အင်တာမီလန် ၀-၀ ရှက်တာဒိုးနက်
တစ်ဖက်မှာ ရီးယဲလ်မက်ဒရစ်အသင်းက တာဝန်ကျေအနိုင်ကစားပေးခဲ့တဲ့ အခွင့်အရေးကို အင်တာမီလန်အသင်း အသုံးမချနိုင်ခဲ့ဘဲ ချန်ပီယံလိဂ်အုပ်စုအဆင့်က (၃)နှစ်ဆက်တိုက် ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီကလို ကိုယ့်ကြမ္မာကိုယ်စီရင်ပိုင်ခွင့်မရှိပေမဲ့ နှစ်ရာသီစလုံး အုပ်စုနောက်ဆုံးပွဲကို အိမ်ကွင်းမှာကစားပြီး ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရတာကတော့ စိတ်ပျက်စရာကောင်းလွန်းပါတယ်။
ဒီရာသီမှာ ပိုကံဆိုးခဲ့တာက ယူရိုပါလိဂ်တောင် ဆင်းကန်စရာအခွင့်အရေးမရတော့ဘဲ ဥရောပပြိုင်ပွဲအားလုံးကို နှုတ်ဆက်လိုက်ရတာပါ။ အင်တာမီလန်နည်းပြ ကွန်တီက နောက်ပိုင်းတောက်လျှောက်အသုံးပြုနေတဲ့ ၃-၅-၂ ကစားကွက်နဲ့ပဲ ပွဲ ထွက်လာခဲ့တာဖြစ်တယ်။ ပွဲအစမှာ လော်တာရိုမာတီနက်ဇ်ရဲ့ကန်သွင်းမှု ဘားတန်းထိသွားတာက လည်း အင်တာမီလန်အတွက် နစ်နာခဲ့ရပါတယ်။ ပထမပိုင်းတစ်ပိုင်းမှာတော့ အင်တာမီလန်က အသာစီးကကစားပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။
ဒါပေမဲ့ ကွန်တီရဲ့အသင်းမှာ အဓိကပြဿနာက ၀ါရင့်ကစားသမားတွေများပေမဲ့ ကျဉ်းထဲ ကျပ်ထဲရောက်တဲ့အခြေအနေမျိုးမှာ ရုန်းထွက်နိုင်တဲ့အင်အား မရှိတာပါပဲ။ အခုပွဲမှာလည်း ဒီအားနည်းချက်က အဆုံးအဖြတ်ဖြစ်စေခဲ့တယ်။ ပွဲချိန်ကြာလာတာနဲ့အမျှ ဂိုးမရလေလေ ပိုဖိအားဝင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ရှက်တာဒိုးနက်က အပြန်အလှန်ထိုးဖောက်မှုတွေ ပိုလုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ အခုပွဲသရေလဒ်က နှစ်သင်းစလုံးအတွက် နာကျင်စရာကောင်းခဲ့ပြီး အင်တာမီလန်ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးနေရာမှာ ပထမဆုံးအကြိမ် ရပ်တည်ခဲ့ရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
