ရီးယဲလ်မက်ဒရစ် ၂-၀ မိုချန်ဂလာဘတ်
ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရှုံးထွက်အဆင့်ကို ရာနှုန်းပြည့်တက်ရောက်ထားနိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ ၁၉၉၆-၉၇ ရာသီကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲ (၂၅)ရာသီစလုံး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်တယ်။ ပွဲမတိုင်မီမှာ ရီးယဲလ်အသင်းရဲ့ ခြေစွမ်း၊ နည်းပြ ဇီဒန်းရဲ့အနာဂတ်အတွက် စိုးရိမ် ပူပန်စရာရှိပေမဲ့ တကယ်ပွဲကစားချိန်မှာတော့ အစောပိုင်းမိနစ်တွေမှာ ဒီသံသယက လွင့်ပြယ်သွားခဲ့ပါတယ်။
ရီးယဲလ်အသင်းကွင်းလယ်မှာ ၀ါရင့်တွေဖြစ်တဲ့ မိုဒရစ်၊ ကရို့စ်၊ ကက်စီမီရိုတို့ လူစုံတက်စုံတွဲကစားနိုင်တာကလည်း အခုပွဲရဲ့အဓိကသော့ချက်ဖြစ်ခဲ့တယ်။ အထူးသဖြင့် မိုဒရစ်က ပွဲအတွင်းမှာ ငယ်မူငယ်သွေးပြပြီး အကောင်းဆုံးပုံစံနဲ့ ကစားပြသွားခဲ့တယ်။ ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ကစားပေးခဲ့ပြီး ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဘောလုံးပေးပို့မှု (၅၄)ကြိမ်အထိရှိခဲ့တာက မိုဒရစ်ရဲ့စွမ်းဆောင်ရည်ကို သက်သေခံနေပါတယ်။ သူကိုယ်တိုင် ဂိုးရနိုင်ဖို့ နီးစပ်တဲ့အခြေအနေရှိခဲ့ပါတယ်။ ရီးယဲလ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ (၉)မိနစ်နဲ့ (၃၁)မိနစ်တွေမှာ တိုက်စစ်မှူး ဘန်ဇီမာက ဗက်ဇ်ကေး၊ ရိုဒရီဂိုတို့ရဲ့ပေးပို့မှုကနေ ခေါင်းတိုက်သွင်းခဲ့ပါတယ်။ ဘန်ဇီမာအနေနဲ့ ချန်ပီယံလိဂ်သွင်းဂိုး (၆၉)ဂိုးရှိလာကာ ပဥ္စမမြောက်အများဆုံးအဖြစ် ရပ်တည်နေပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုး(၅၀)ပြည့်မြောက်တဲ့ (၅)ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
သရေတစ်မှတ်ပဲလိုတဲ့ မိုချန်ဂလာဘတ်က အမှတ်ခွဲယူဖို့ ခံစစ်ကို ပိုအာရုံစိုက်ခဲ့ပေမဲ့ အမှန်တကယ်လည်း ရီးယဲလ်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးမှာလည်း ရီးယဲလ်ဂိုးပေါက်ဘက်ကို ခြိမ်းခြောက်နိုင်မှုရှိခဲ့ပါတယ်။ (၀-၁)ဂိုးနဲ့ အရေးနိမ့်နေချိန်မှာ Counter ကနေတစ်ဆင့် ပယ်လီယာ ဂိုးသမားနဲ့တစ်ဦးချင်းကန်ခွင့်ရခဲ့တာက မိုချန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
