ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး (၅)ဦးထဲတွင် မိမိပါဝင်သည်ဟု လူကာကူ ပြောကြား
24htopnews | September 17, 2024 5:12 PM CST
အင်တာမီလန်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက မိမိသည် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး(၅)ဦးထဲတွင် ပါဝင်သည်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် လူကာကူက "ကျွန်တော့်ရဲ့ နည်းစနစ်ပိုင်း၊ နေရာယူပုံနဲ့ ရွေ့လျားပုံတွေက ဒါကို သက်သေပြနေပါတယ်။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး(၅)ဦးထဲမှာ ပါဝင်ပါတယ်။ စီရော်နယ်လ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီး တို့ စွမ်းဆောင်နိုင်သလို ကျွန်တော်လည်း ဘာကြောင့် မလုပ်နိုင်ရမှာလဲ"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
လူကာကူသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် အင်တာမီလန်အတွက် (၉) ပွဲကစားထားပြီး (၈) ဂိုးသွင်းယူပေးထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
