လေ့ကျင့်ခန်းပြန်ဆင်းသည့် ပုံများကို လူမှုကွန်ရက်စာမျက်နှာ၌ ဗန်ဒိုက် ဖော်ပြ
24htopnews | September 17, 2024 5:12 PM CST
ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည်အနားယူနေရသော လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်သည် ကလပ်အသင်း၌ သူလေ့ကျင့်ခန်းပြန်ဆင်းနေသည့်ပုံများကို လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ကြောင်း သိရသည်။
ဗန်ဒိုက်သည် ယခုနှစ်အောက်တိုဘာလအတွင်းက ကစားခဲ့သော မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ် အဲဗာတန်(၂-၂)လီဗာပူးလ်ပွဲတွင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်၏ ဘောလုံးဖျက်ထုတ်မှုတစ်ခုကြောင့် ဒူး၌ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူ၏ဒဏ်ရာအနေအထားအရ ယခုရာသီတွင် ဘောလုံးပြန်ကစားနိုင်ဖွယ်မရှိဟု တာဝန်ရှိသူများက သတ်မှတ်ထားကြသည်။
ယခု သူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေသည်ကို တွေ့မြင်ရခြင်းကြောင့် ဒဏ်ရာပြဿနာကြုံ တွေ့နေရသည့်အသင်းအတွက် စိတ်ပူနေကြ သော လီဗာပူးလ်ပရိသတ်များအား အနည်းငယ်စိတ်သက်သာရာရစေကြောင်း ဗြိတိန်မီ ဒီယာများက ဖော်ပြခဲ့ကြသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
