Southern အသင်းအုပ်ချုပ်သူ ဦးမြင့်ကြူးက Southern အသင်းအနေဖြင့် ဖျက်သိမ်းရန်အတွက် မြန်မာနေရှင်နယ်လိဂ်ကော် မတီထံ တင်ပြထားခြင်းမဟုတ်ဘဲ ပြိုင်ပွဲမှ တစ်ရာသီနားရန်အတွက်သာ တင်ပြထားခြင်းဖြစ်ကြောင်း Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် MNL လိဂ်ကော်မတီအစည်းအဝေးတွင် Southern အသင်းအနေဖြင့် အသင်းဖျက်သိမ်းရန် တင်ပြခဲ့သည်ဟု သတင်းများထွက် ပေါ်လျက်ရှိသည်။ သို့သော် အဆိုပါသတင်း နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသောကြောင့် Eleven Sports က အသင်းအုပ်ချုပ်သူ ဦးမြင့်ကြူးထံ ဆက်သွယ် မေးမြန်းခဲ့ခြင်းဖြစ်သည်။
"အန်ကယ်တို့အနေ နဲ့ တစ်နှစ်နားမယ်ဆိုပြီး တင်ပြခဲ့တာဖြစ်ပါတယ်။ အန်ကယ်တို့အနေနဲ့လည်း အဲဒီလောက်အထိပဲ သိပါတယ်။ အဲဒါကြောင့် အဖွဲ့ချုပ်ဘက်ကနေ ညှိပေးလိမ့်မယ်လို့တော့ထင်တယ်။ ကပ်ရောဂါဆိုးကြီးကလည်း ဆက် ပြီးရှိနေတဲ့အတွက် ဘယ်လိုတွေဖြစ်လာမယ်ဆိုတာ မပြောတတ်သေးဘူး။ အန်ကယ်တို့ အနေနဲ့ကတော့ ကြားကနေ မှတ်ချက်မပေးလိုပါဘူး။ ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ရတာပေါ့။အန်ကယ်ကတော့ အသင်းဘုတ်အဖွဲ့ရဲ့ အစည်းအဝေးကို မတက်လိုက်ရတဲ့အတွက် မသိပါဘူး။ ဘုတ်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လိဂ်ကော်မတီကို စာတင်လိုက်တာ ဖြစ်နိုင်ပါတယ်။ အန်ကယ်ကိုတော့ နှုတ်နဲ့ပဲ အသိပေးခဲ့တာပါ" ဟု Southern အသင်း အုပ်ချုပ်သူ ဦးမြင့်ကြူးက ပြောကြားခဲ့သည်။
Southern အသင်းသည် MNL ပြိုင်ပွဲ စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အသင်းဖြစ်ပြီး မော်လမြိုင်မြို့တွင် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပလျက်ရှိသည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေ ဖြင့် Southern အသင်း၏ တင်ပြထားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလတွင် ထပ်မံပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၀ ဘောလုံးရာသီတွင် ပြိုင်ပွဲကျင်းပနေစဉ် ချင်းယူနိုက်တက်နှင့် ဇွဲကပင်ယူနိုက်တက်အသင်း၊ ပြိုင်ပွဲအပြီးတွင် မကွေးအသင်းတို့ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
