ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော စပိန်လာလီဂါပွဲစဉ် (၁၂) အက်သလက်တီကို (၂-၀) ဗယ်လာဒိုလစ်ပွဲစဉ်အပြီးတွင် အက်သလက်တီကိုအသင်းသည် လွန်ခဲ့သည့် (၂၆)နှစ်က ဒီပို့တီဗိုအသင်း တင်ရှိထားသော လာလီဂါ၏ ခံစစ်ပိုင်းစံချိန် မှတ်တမ်းတစ်ခုအား လိုက်မီခဲ့ကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၁၂) ပြီးဆုံးချိန်တွင် (၁၀)ပွဲသာကစားရသေးပြီး ယင်း (၁၀)ပွဲတွင် ခံစစ်ပိုင်းမှ ပေးဂိုး (၂)ဂိုးသာ ခွင့်ပြုထားရသည်။ ထို့ကြောင့် ၁၉၉၃-၉၄ ရာသီက ဒီပို့တီဗိုအသင်း တင်ရှိခဲ့သော လာလီဂါရာသီအစ (၁၀)ပွဲကစားပြီး (၂)ဂိုးသာခွင့်ပြုခဲ့ရသည့် ခံစစ်ပိုင်းစံချိန်မှတ်တမ်းကို ယခုအခါ အက်သလက်တီကိုအသင်းက လိုက်မီခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်းသည် ယခုရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသလို၊ ပွဲစဉ် (၁၀)ပွဲ ကစားပြီးချိန်တွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) (၈)ပွဲ အထိရယူနိုင်ခဲ့ခြင်းမှာလည်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အများဆုံးအဖြစ် ရပ်တည်နေသည်။
အဆိုပါ ၁၉၉၃-၉၄ ရာသီတွင် ဒီပို့တီဗိုအသင်းသည် ပွဲစဉ် (၁၁) ကစားအပြီးတွင်မူ ပေးဂိုး (၅)ဂိုးအထိ ရှိခဲ့သောကြောင့် အက်သလက်တီကို အသင်းအနေဖြင့် လာမည့်ပွဲစဉ်တွင် ပေးဂိုး (၃)ဂိုးအောက်သာရှိပါက စံချိန်သစ်တင်နိုင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
