မြန်မာအမျိုးသမီး ဘောလုံးကစားသမားများမှာ ဂျပန်အမျိုးသမီးကလပ်များတွင် ကစားခွင့်ရမည့် အခွင့်အရေးရှိလာပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) သည် လာမည့်နှစ် တွင်စတင်မည့် ဂျပန်အမျိုးသမီးလိဂ်အတွက် အာဆီယံဒေသတွင်းမှ ကစားသမားများကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
JFA သည် ဂျပန်အမျိုးသမီးလိဂ်ပြိုင်ပွဲ ဖြစ်သည့် WE League (Women's Empowerment) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် စတင်ကျင်းပရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းမှ အမျိုးသမီး ဘောလုံးသမားများ လာရောက်ကစားရန် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှတစ်ဆင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ AFF သည် ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုအပေါ် ဒီဇင်ဘာ ၇ ရက်ကပြုလုပ်သည့် ပြိုင်ပွဲကျင်းပရေးကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ခြေစွမ်းကောင်းမွန်သည့် ကစားသမားများကို စေလွှတ်ရန် သဘောတူညီမှုရရှိခဲ့သည်။
" ပြီးခဲ့တဲ့အစည်းအဝေးမှာ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ကျွန်တော်တို့ဘက်က ပြန်ပြီးဆွေးနွေးခဲ့ပါတယ်။ အာဆီယံဒေသတွင်းအသင်းတွေက ကစားသမားတွေကို လာကစားဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့က ဆွေးနွေး ပြီးတဲ့အချိန်မှာ သူတို့အနေနဲ့ လိဂ်ပြိုင်ပွဲကျင်းပမယ့်ပုံစံ အသေးစိတ်အချက်အလက်တွေကို ပြန်တောင်းထားပါတယ်။ သူတို့ရဲ့ အကြောင်းပြန်မှုကိုကြည့်ပြီးမှ ကစားသမားတွေ သွားရောက်ကစားခွင့်ရဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု AFF ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့သည့် MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးဘောလုံးသမားများအနေဖြင့် ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနိုင်ခြင်းမရှိသေးဘဲ ဂျပန် အမျိုးသမီးလိဂ်တွင် ပါဝင်ကစားခွင့်ရပါက ခြေစွမ်းပိုင်းအပြင် လစာနှင့်အခြားခံစားခွင့်များပါ တိုးမြှင့်ရရှိလာမည်ဖြစ်သည်။ JFA သည် WE League ပြိုင်ပွဲကို ဂျပန်အမျိုးသမီး ဘောလုံးလောကအတွက် အဆင့်အတန်း အမြင့်ဆုံး ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိကျင်းပနေသည့် ဂျပန်အမျိုးသမီးလိဂ် (Nadeshiko League) ထက် အဆင့်မြင့်သည့်ပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ JFA သည် ယင်းပြိုင်ပွဲကို ပြိုင်ပွဲဝင် ခြောက်သင်းမှ ၁၀ သင်းအထိ ကျင်းပရန် စီစဉ်ထားပြီး မြန်မာကစားသမားများအနေဖြင့် ပြည်ပတွင် ပထမ ဆုံးကစားခွင့်ရမည့်အခွင့်အရေး ရရှိလာခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးကစားသမားများအတွက် အမျိုးသမီးလိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီကျင်းပထားကာ ပြိုင်ပွဲဝင်အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
