၂၀၂၀ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးပွဲများ လက်ခံကျင်းပမည့်ကွင်း ရှစ်ကွင်းအနက် Al-Rayyan ကွင်း ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်ခွင့်ရမည့်သူများ၏ ရာခိုင်နှုန်း ၅၀ မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပျောက်ကင်းသက်သာလာသူများ ဖြစ်ကြောင်း သိရသည်။
Al-Rayyan ကွင်းသည် ၂၀၂၀ ကမ္ဘာ့ဖလားအတွက် ရည်ရွယ်တည်ဆောက်နေသည့် ကွင်းသစ်များအနက် တတိယမြောက် ပြီးစီးသည့်ကွင်းဖြစ်ပြီး ပရိသတ်ဦးရေပေါင်း ၄၄၇၄၀ ဦး ဝင်ဆံ့သည်။ အဆိုပါ ကွင်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်တွင်းဖလားပြိုင်ပွဲတစ်ခုဖြစ်သည့် Emir Cup ဗိုလ်လုပွဲနှင့်အတူ ပြုလုပ်သွားမည်ဖြစ်ပြီး ကွင်းဝင်ဆံ့ဦးရေ၏ထက်ဝက်ပမာဏကို လက်မှတ်ရောင်းချသွားဖွယ် ရှိသည်။
ယင်းလက်မှတ်စောင်ရေ၏ထက်ဝက်ကို ဗိုင်းရပ်ကူးစက်ခံရမှုမှ ပြန်ကောင်းလာသူများအတွက် သီးသန့်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ " ဗိုင်းရပ်စ်စစ်ဆေးမှုမှာ Negative သို့မဟုတ် Positive ထွက်တဲ့ ဘယ်သူမဆို ကွင်းအတွင်း ဝင်ရောက်နိုင်ပါတယ်။ သတ်မှတ်ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖူးသူတွေအတွက် ထားရှိပါလိမ့်မယ်" ဟု ကာတာကျန်းမာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သူ အဗ္ဗဒူလ်ဝါဟတ်က ပြောကြားခဲ့သည်။
လက်မှတ်ဝယ်ယူလိုသူ ပရိသတ်အနေဖြင့် အချက်သုံးချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် ဖုန်းနံပါတ်အပြင် ဗိုင်းရပ်စ်စစ်ဆေးထားသည့် ရလဒ်ကိုပါ ထည့်သွင်းရမည်ဖြစ်သည်။ ထို့ပြင် ယင်းလက်မှတ်ကို အခြားသူတစ်ဦးဦးထံ လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။ ပရိသတ်များအနေဖြင့် ကွင်းအတွင်းရှိနေချိန်၌လည်း အမြဲ Mask တပ်ထားရန်လိုပြီး သတ်မှတ်ထိုင်ခုံတွင်သာ ထိုင်ရမည့်အချက်များလည်း ပါရှိသည်။
ကာတာနိုင်ငံ၏အဆင့်အမြင့်ဆုံးလိဂ်ဖြစ်သည့် Qatar Stars League တွင် ပရိသတ် ၃၀ ရာခိုင်နှုန်းအထိ ပြန်လည် ခွင့်ပြုထားကြောင်း သိရသည်။ လူဦးရေပေါင်း ၂ ဒသမ ၇၅ သန်းရှိသည့် ကာတာနိုင်ငံတွင် ၄၁ ရာခိုင်နှုန်းခန့် ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးခဲ့ပြီးဖြစ်ပြီး ၁၄၀၀၈၆ ဦး ကူးစက်ခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
