ဗဟိုဥရောပနိုင်ငံများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ပြီး လူပေါင်းများစွာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသည်။
သြစတြီးယား၊ ချက်၊ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့အပါအဝင် ဗဟိုဥရောပနိုင်ငံအချို့တွင် ယခင်ကတည်းက ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။
ဥရောပဒေသတွင် စက်တင်ဘာ ၁၂ ရက်ကတည်းက စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး အီတလီနိုင်ငံ မြောက်ပိုင်းတွင် လေဖိအားကျဆင်းမှုကြောင့် ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့တွင်လည်း အလားတူ သဘောဝဘေးများ ကြုံတွေ့ရဖွယ်ရှိနေသည်။
ရေလွှမ်းမိုးမှုများကြောင့် ရိုမေးနီးယားတွင် လူခြောက်ဦး ၊ သြစတြီးယားနှင့် ပိုလန်တို့တွင် လူတစ်ဦးစီ သေဆုံးခဲ့သည်။ ချက်သမ္မတနိုင်ငံတွင် လူလေးဦးသည် ရေစီးနှင့်အတူ မျောပါသွားပြီး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ချက်သမ္မတနိုင်ငံ၏ နေရာအများစုတွင် ရေဘေးဒုက္ခကို ခံစားနေရပြီး အာဏာပိုင်များက နိုင်ငံအတွင်းရှိ နေရာဒေသ ၁၀၀ ခန့်တွင် ရေလွှမ်းမိုးမှု သတိပေးချက်အမြင့်ဆုံး ထုတ်ပြန်ခဲ့သည်။
မကြာသေးမီရက်များအတွင်း ပိုလန်နယ်စပ်အနီး ဂျက်ဆင်နီကီ တောင်တန်းဒေသအပါအဝင် ချက်နိုင်ငံအရှေ့မြောက်ပိုင်း ဒေသနှစ်ခုတွင် မိုးရေချိန်အများဆုံး စံချိန်တင်ခဲ့သည်။
လူပေါင်း ၅၆၀၀၀ ခန့် နေထိုင်သည့် အိုပါဗာမြို့တွင် လူ ၁၀၀၀၀ ခန့်ကို ရေဘေးလွတ်သည့် ကုန်းမြင့်ဒေသ များသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထိုမြို့အနီး အိုပါဗာမြစ်တွင် မြစ်ရေလျံမှုများကြောင့် ကယ်ဆယ်ရေးသမားများက လှေများကိုအသုံးပြုပြီး ရေဘေးသင့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးလျက်ရှိသည်။
ယခုကြုံတွေ့နေရသည့် ရေလွှမ်းမိုးမှုသည် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုအဖြစ် လူသိများသည့် ၁၉၉၇ ခုနှစ် ရေလွှမ်းမိုးမှုထက် ပိုမိုဆိုးရွားကြောင်း မြို့တော်ဝန် တွမ်မက်စ် နက်ဗ်ရာတီလ်က ပြောကြားခဲ့ သည်။
သြစတြီးယားနိုင်ငံတွင်လည်း ရေလွှမ်းမိုးမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်သားပေါင်း ၂၄၀၀ ကို ဖြန့်ကြက်ချထားကြောင်း သြစတြီးယားဝန်ကြီးချုပ် ကားလ် နာဟမ်မာက ပြောကြားခဲ့ သည်။
ရိုမေးနီးယားနိုင်ငံ အရှေ့ပိုင်း ဂါလက်တီကောင်တီတွင် ရေလွှမ်းမိုးမှုကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး လူလေးဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပိုလန်နိုင်ငံအနောက်တောင်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် လူတစ်ဦးသေဆုံးကြောင်း ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ချက်နယ်စပ်အနီး ဆူဒီတက်စ်တောင်းတန်းဒေသရှိ တောင်ကြားထဲတွင် တည်ရှိသည့် လူဦးရေ ၂၅၀၀၀ ခန့်နေထိုင်သည့် ကလော့ဇ်ကိုမြို့တွင် ရေလွှမ်းမှုများဆိုးရွားစွာ ဖြစ်ပွားနေသဖြင့် ရေဘေးသင့်ဒေသခံများကို ရဟတ်ယာဉ်များအသုံးပြုပြီး ကယ်တင်နေရကြောင်း တပ်စ်က ပြောကြားခဲ့သည်။
ဥရောပတွင် အပူလှိုင်းများ ကျရောက်ခဲ့ပြီးနောက် စက်တင်ဘာလမှစတင်ပြီး မိုးလေဝသ အပြောင်းအလဲ ဖြစ်ပွားလာခဲ့သည်။ လွန်ခဲ့သည့်နှစ်က ကမ္ဘာ့အပူပြင်းဆုံး နွေရာသီအဖြစ် စံချိန်တင်ခဲ့ပြီး ပူနွေးသည့် လေထု ကြောင့် ပိုမိုပြင်းထန်သည့် မိုးရွာသွန်းမှုများကို ဖြစ်ပွားစေခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
