ဇီဒန်းက မက်ဒရစ်နည်းပြ ဖြစ်လာလျှင် ဖိအားများ၍ ကြမ်းတမ်းသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည်သာဖြစ်ကြောင်း၊ အသင်းနှင့် အချိန်တစ်ခုအထိ ရှေ့ဆက်လိုသော်လည်း မိမိသည် မက်ဒရစ်၏ဖာဂူဆန်ဖြစ်လာမည်မဟုတ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက မိမိအနေဖြင့် ရီးယဲလ်အသင်းတွင် မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကဲ့သို့ နှစ်ပေါင်း(၂၀)ကျော် ကြာအောင် ရှိနေသွားမည်မဟုတ်ကြောင်း မိုချန်ဂလာဘတ်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဇီဒန်း၏ ရီးယဲလ်မက်ဒရစ်အသင်းသည် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်တွင် မိုချန်ဂလာဘတ်အား အနိုင်ကစားပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။
ရီးယဲလ်အသင်းသည် ၁၉၉၆-၉၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာရနိုင်သည့်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး ဇီဒန်း၏ အနာဂတ်မှာလည်း လှုပ်ခတ်ခဲ့သည်။
ဇီဒန်းက မက်ဒရစ်နည်းပြ ဖြစ်လာလျှင် ထိုကဲ့သို့ ဖိအားများ၍ ကြမ်းတမ်းသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည်သာဖြစ်ကြောင်း၊ အသင်းနှင့် အချိန်တစ်ခုအထိ ရှေ့ဆက်လိုသော်လည်း မိမိသည် မက်ဒရစ်၏ဖာဂူဆန်ဖြစ်လာမည်မဟုတ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဇီဒန်းက ''ကျွန်တော်ဟာ ဘယ်တော့မှ မက်ဒရစ်ရဲ့ ဖာဂူဆန်လို ပုဂ္ဂိုလ်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ သေချာပါတယ်။ အချိန် ဘယ်လောက် ဆက်ရှိနေဦးမလဲတော့ ကျွန်တော် မသိဘူး။ ဒါကိုလည်း ကျွန်တော် တွေးမနေပါဘူး။ ဒီအသင်းမှာ ရှိနေရတာ ကံကောင်းပါတယ်။ အခက်ခဲဆုံးအခြေအနေမှာတောင်ပေါ့။ ကျွန်တော် စပိန်မှာ နေလာတာကြာပြီဖြစ်ပြီး ဒါကို ပိုကြာအောင်တော့ ဆက်ထိန်းသွားချင်ပါတယ်။ မက်ဒရစ်မှာကတော့ ဖိအားတွေ ရှိနေမှာပါပဲ။ ဖိအား မရှိတဲ့အခြေအနေလား . . . အဲ့တာမျိုး ဒီမှာ မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
