မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းပိုင်းများကို ပြုပြင်လျက်ရှိရာ သာစည် – ရွှေညောင် နှင့် ရွှေညောင် – အေးသာယာ – ပေါမူ – ထီသိမ် – တောင်ကြီး ရထားလမ်းပိုင်းမှ ရထားခရီးစဉ်များ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြု၍ ပြန်လည်ပြုပြင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်မြိုင် က မှာကြားသည်။
အဆိုပါ ရထားလမ်းပိုင်းများနှင့် ဘူတာနေရာများ၊ ယာဒ်ဝင်းများ၊ ရထားလမ်းတာပေါင်များနှင့် ရထားလမ်း တံတားနေရာများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် စက်တင်ဘာ (၁၄) ရက်မှ (၁၆) ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ စစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးစဉ် ရထားခရီးစဉ်များ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအပြင် မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်၍ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးသည်။
ထို့အပြင် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် တာပေါင်နေရာများ သတ်မှတ် အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်း၊ သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ပြန်လည်ဖြည့်သွင်းပြီး Hand Tamping Machine ဖြင့် ပတ်ကင်ရိုက်ခြင်း၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြန်လည်စစ်ဆေး၍ ပြုပြင်ဆောင်ရွက်ခြင်း၊ လမ်းပိုင်းအလိုက် လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကိုလည်း ဆွေးနွေးခဲ့သည်။
ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင်ပြုပြင်ရန်၊ လိုအပ်သည့်ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးသွားရန်၊ ပြန်လည် အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျ ပြန်လည်အသုံးပြုသွားရန် စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
