ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမျိုးသား (၄)ဦးထံမှ ငွေကျပ် (၂) ဒသမ (၄၁) ဘီလီယံကျော်တန်ဖိုးရှိ ကက်တမင်း (၁) ကီလို၊ Happy Water (၁၀၅) ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၉) သိန်းနှင့် ဘိန်းဖြူ (၅၀) ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၁) ရပ်ကွက်တွင် စက်တင်ဘာ (၈) ရက်၊ မွန်းတည့် (၁၂) နာရီကထွန်းထွန်းမြင့်အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း (၁) ကီလိုဂရမ်၊ Happy Water (၁၀၅) ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့နောက် သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဘသာဇံအား စက်တင်ဘာ (၈) ရက်၊ မွန်းလွဲ (၁) နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၄၁ (တိုးချဲ့)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
၎င်း၏ ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၁) ရပ်ကွက် စကားဝါလမ်းရှိ ဖမ်းမိတရားခံ ထွန်းထွန်းမြင့်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၉) ဒသမ (၈) သိန်းနှင့် ဘိန်းဖြူ (၅၀) ဂရမ် ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက် အရ စက်တင်ဘာ (၁၂) ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ (ခ) အဒူရ်မူနနှင့် ဇော်မင်းနိုင် (ခ) အင်မရန်းတို့ (၂) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား (၉) ဒသမ (၂) သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
