အေစီမီလန်နည်းပြ ဖွန်ဆီကာက လီဗာပူးလ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲ၌ အမှားမလုပ်မိရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ပုံစံသစ်ပြောင်းလဲထားသည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လိဂ်အဆင့် ပွဲဦးထွက်တွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆုဖလား(၇)ကြိမ်ရရှိထားပြီး ရီးယဲလ်မက်ဒရစ်အသင်း၏နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း လတ်တလောအခြေအနေတွင်မူ အသင်း၏ အင်အားအနေ အထားကြောင့် ရေပန်းအစားဆုံးအသင်းစာရင်းတွင် ပါဝင်ခြင်းမရှိပေ။
ယခုရာသီ စီးရီးအေပြိုင်ပွဲတွင်လည်း (၄)ပွဲကစားပြီးချိန်၌ တစ်ပွဲသာအနိုင်ရရှိပြီး (၂)ပွဲသ ရေ၊ (၁)ပွဲရှုံးနိမ့်ထားသည့်အတွက် လီဗာပူးလ်နှင့်ပွဲတွင် ရုန်းကန်ရဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသည်။
ယင်းအချက်ကို ဖွန်ဆီကာကလည်း လက်ခံခဲ့ပြီး လီဗာပူးလ်နှင့်ပွဲ၌ အမှားမလုပ်မိရန် လိုအပ်ကြောင်းနှင့် ခံစစ်ပိုင်းကို ပြီးပြည့်စုံစွာ ကစားနိုင်ရန် လိုအပ်ကြောင်း သုံးသပ်ခဲ့သည်။
''လီဗာပူးလ်က ဥရောပရဲ့ အတောင့်တင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ထင်ပါတယ်။ သူတို့မှာ တစ်ဦးချင်းထူးချွန်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ခံစစ်ပိုင်းကို ပြီးပြည့်စုံအောင် ကစားရမှာဖြစ်ပြီး အမှားလုပ်လို့ မရပါဘူး''ဟု ဖွန်ဆီကာက ပြောကြားခဲ့သည်။
၎င်းက ယင်းပွဲ၌ ပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိလိုကြောင်းလည်း ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် နည်းပြ ပီအိုလီနှင့် နွေရာသီတွင် လမ်းခွဲခဲ့ပြီးနောက် ဖွန်ဆီကာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
