မြောက်ကိုရီးယားက လွှတ်တင်လိုက်သည့် အမှိုက်အိတ်များပါသည့် မိုးပျံပူဖောင်း တစ်လုံးသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ အဆောက်အအုံ၏ အမိုးပေါ်ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု တောင်ကိုရီးယားမီးသတ်ဌာနက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
“ဆိုးလ်မြို့တော် အနောက်ပိုင်းခရိုင်က လေးထပ်အဆောက်အအုံတစ်ခုရဲ့ အမိုးပေါ်မှာ စက်တင်ဘာ ၁၅ ရက် ည ၉ နာရီ ၄ မိနစ်လောက်က မီးလောင်ခဲ့တာဖြစ်ပါတယ်”ဟု ဆိုးလ်မြို့တော်၏ ဂန်စော မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။
ထိုမီးလောင်ကျွမ်းမှုကို မီးသတ်ကား ၁၅ စင်း၊ မီးသတ်တပ်ဖွဲ့ဝင် ၅၆ ဦးတို့ဖြင့် ၁၈ မိနစ်ကြာ ငြိှမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရ သူမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားစေခဲ့သည့် မိုးပျံပူဖောင်းကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ အာဏာပိုင်များက သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
မြောက်ကိုရီးယားသည် စက်တင်ဘာ၁၅ ရက်နှောင်းပိုင်းက တောင်ကိုရီးယားသို့ အမှိုက်များ ထည့်ထားသည့် မိုးပျံပူဖောင်း ၁၂၀ ခန့် လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။
ထိုမိုးပျံပူဖောင်းများထဲမှ အလုံး ၄၀ သည် တောင်ကိုရီးယား၏ ဂွန်ဂျီပြည်နယ်နှင့် ဆိုးလ်မြို့တော်တို့တွင် အများဆုံးကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။
ထိုမိုးပျံပူဖောင်းများနှင့် တွဲချည်ထားသည့် အိတ်များထဲတွင် စက္ကူအပိုင်းအစများ နှင့် ပလပ်စတစ်အမှိုက်များ ပါဝင်ကြောင်း နှင့် ထိုအမှိုက်များသည် အများပြည်သူ၏ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်မရှိကြောင်း JCS ကပြောကြားခဲ့သည်။
တောင်ကိုရီးယား တက်ကြွလှုပ်များသူများသည် မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်စာစောင်များ ပါဝင်သည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားနိုင်ငံအတွင်း သို့လွှတ်တင်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် မေလကတည်းက တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်အိတ်များ တွဲချည်ထား သည့် မိုးပျံပူဖောင်း အလုံးရေ ၅၀၀၀ ကျော်ကို လွှတ်တင်ခဲ့သည်။
မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက နှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချသည့် စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက် မြောက်ကိုရီးယား ဆန့်ကျင်သည့် ၀ါဒဖြန့်မှုများကို အသံချဲ့စက်များဖြင့် ထုတ်လွှင့်နေမှုကို ပြန်လည်လုပ် ဆောင်ခဲ့သည်။
ယခုလအစောပိုင်းကလည်း လျှပ်စစ်ပစ္စည်းများ ပါဝင်သည့် မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများကြောင့် တောင်ကိုရီးယားတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး မိုးပျံပူဖောင်းတစ်လုံးသည် လေဆိပ်တစ်ခုအနီး ကျရောက်ခဲ့ကာ နောက်တစ်လုံးသည် သိုလှောင်ရုံတစ်ခုအပေါ်သို့ ကျရောက်ကာ မီးလောင်ကျွမ်းခဲ့သည်။
ထိုမီးလောင်ကျွမ်းမှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူများ မရှိသော်လည်း ပူနွေးပြီး ခြောက်သွေ့သည့် ရာသီဥတုမျိုးတွင် မီးလောင်ကျွမ်းမှုသည် ပိုမိုဆိုးရွား ပြင်းထန်လာနိုင်ကြောင်း အာဆန်မူဝါဒလေ့လာရေးအင်စ တီကျုမှ သုသေတနပညာရှင်တစ်ဦးဖြစ်သူ ယန်အူက ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
