နေပြည်တော်အတွင်းရှိ ရေဘေးသင့်သူများအား မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကုမ္ပဏီ ကယ်ဆယ်ရေးအဖွဲ့က အဝတ်အထည်နှင့်ဆေးဝါးများ ထောက်ပံ့ကူညီပြီး ကူညီကယ်ဆယ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မအူပင်ကျေးရွာတွင် ရေလွှမ်းမိုးမှုဖြစ်ပွားသဖြင့် ယင်းမြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကုမ္ပဏီ၏ နေပြည်တော်ရုံးခွဲသည် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုမ္ပဏီ၏ နေပြည်တော်ရုံးခွဲမှ ကယ်ဆယ်ရေးအဖွဲ့သည် ရေလွှမ်းမိုးမှုကြောင့် မအူပင်ကျေးရွာ နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ရေလွှမ်းမိုးမှုကြောင့် သစ်ပင်များ၊ အိမ်ခေါင်မိုးများပေါ်တွင် ပိတ်မိနေကြသော အခြားရွာသူရွာသား ၂၀ ကျော်တို့ကို တစ်ပါတည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာ ၁၄ ရက်တွင်လည်း မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း နေပြည်တော်ရုံးခွဲမှ အဖွဲ့သားများသည် ရေဘေးသင့်ပြည်သူများရှိရာ နေပြည်တော် ပျဉ်းမနား သကြားစက် အရှေ့ဖက် ဆင်သေရွာ၊ ပျဉ်းမနား မအူပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာ မြတ်ဆုမွန် မိဘမဲ့ကလေးများနှင့် ရေဘေးသင့် ပြည်သူများဘုန်းကြီးကျောင်း၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရမြို့နှင့် သာဝတ္ထိရွာအတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ အဝတ်အထည်နှင့် စားသောက်စရာများ၊ ဆေးဝါးနှင့်မုန့်ခြောက်များကို မြို့နယ်/ကျေးရွာတာဝန်ခံများထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
