မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် ယမန်နေ့ မွန်းတည့်ချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာနေ နိုင်ငယ်ထူးထူးလင်း၊ လမင်းမောင်၊ မဇင်မာထွေးနှင့်နန်းထွန်းလှ တို့လေးဦးမှာ စက်တင်ဘာလ (၁၅) ရက်နံနက်ပိုင်းအချိန်က ကျောင်းရွာကျေးရွာအနီးရှိ ရေကန်ဘက်မှ ဝဲခမိကျေးရွာဘက်သို့ ပြန်လာကြစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒဏ်ရာရသွားတဲ့သူက အသက် (၁၉) နှစ်အရွယ်တွေရှိကြတဲ့ နိုင်ငယ်ထူးထူးလင်း နဲ့ မဇင်မာထွေးတို့နှစ်ဦးလို့ သိရပါတယ်။ နိုင်ငယ်ထူးထူးလင်း မှာ ညဘက်ခြေထောက်မှာ ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာတစ်ချက်ရသွားတယ်။ မဇင်မာထွေး မှာက ဘယ်ဘက်လက်မောင်းမှာဒဏ်ရာတစ်ချက်ရသွားတယ်” ဟု ပြောကြားသည်။
နိုင်ငယ်ထူးထူးလင်း ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်ကြောင်း နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူငယ် (၂) ဦးအား သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ထိုမှ မော်လမြိုင်မြို့ရှိပြည်သူ့ဆေးရုံကြီးသို့ ထပ်မံတင်ပို့ပေးခဲ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း မြေမြှုပ်မိုင်း နှင့် လက်နက်ကြီးကျည်များ ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိနေသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေကြောင်းလည်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၂) ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီးကျေးရွာအနီးရော်ဘာခြံအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
