မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် (၁၁၅)ခုကို စက်တင်ဘာ (၁၆)ရက်တွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းအနေဖြင့် ၂၀၀၉ မှ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်းများစွာ ချိုးဖောက်ခဲ့သောကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် စွဲချက် (၁၁၅)ခုဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်၏ထုတ်ပြန်မှုအရ မန်စီးတီးအသင်းအနေဖြင့် ၂၀၀၉-၂၀၁၀ မှ ၂၀၁၇-၂၀၁၈ ရာသီအတွင်း တိကျသော ဘဏ္ဍာရေးအချက်အလက်များပေးရန် ပျက်ကွက်ခြင်းအတွက် စွဲချက် ၅၄ ခု၊ ၂၀၀၉-၂၀၁၀ မှ ၂၀၁၇-၂၀၁၈ ရာသီအတွင်း
ကစားသမားနှင့် မန်နေဂျာအား ငွေပေးချေမှုများအတွက် တိကျသော အသေးစိတ်အချက်အလက်များပေးရန် ပျက်ကွက်ခြင်းအတွက် စွဲချက် ၁၄ ခု၊ ၂၀၁၃- ၂၀၂၄ မှ ၂၀၁၇-၂၀၁၈ ရာသီအတွင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဘဏ္ဍာရေးစည်းမျဉ်း
(FFP)ကို လိုက်နာရန် ပျက်ကွက်ခြင်းအတွက် စွဲချက် (၅)ခု၊ ၂၀၁၅-၂၀၁၆ မှ ၂၀၁၇ -၂၀၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်၏ ဘဏ္ဍာရေးစည်းမျဉ်း(PSR)ကို ချိုးဖောက်မှုအတွက် စွဲချက် (၇)ခု၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိ
ပရီးမီးယားလိဂ်၏ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းလုပ်ဆောင်ရန် ပျက်ကွက်ခြင်းအတွက် စွဲချက် (၃၅)ခု၊ စုစုပေါင်း စွဲချက် (၁၁၅)ခုကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
(၄)နှစ်ကြာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ကြားနာစစ်ဆေးမှုကို စက်တင်ဘာ(၁၆)ရက်တွင် စတင်ခဲ့ပြီး (၁၀)ပတ်ဝန်းကျင် ကြာမြင့်ကာ နိုဝင်ဘာလကုန်ပိုင်းတွင် ပြီးဆုံးနိုင်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
ကြားနာစစ်ဆေးမှုပြီးဆုံးပါက ဆုံးဖြတ်ချက်ကို ချက်ချင်းချမှတ်မည်မဟုတ်ဘဲ ၂၀၂၅ နှစ်ဆန်းမှသာ ထုတ်ပြန်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် မန်စီးတီးအသင်းအနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ရမှတ်လျှော့ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံရဖွယ်မရှိဘဲ ရာသီများစွာခွဲဝေ၍ ကျခံရနိုင်ကြောင်း The Telegraph သတင်းဌာနက ဖော်ပြခဲ့သည်။
မန်စီးတီးအသင်း အပြစ်ရှိကြောင်းတွေ့ရှိပါက ရမှတ်လျှော့ပြစ်ဒဏ်ကို တစ်ပေါင်းတည်းချမှတ်ခြင်း၊ ချန်ပီယံရှစ်သို့ တန်းဆင်းပြစ်ဒဏ်ချမှတ်ခြင်းမှာ လုံလောက်မှုမရှိဟု ပြိုင်ဘက်အသင်းများက ယူဆထားပြီး ရမှတ်လျှော့ပြစ်ဒဏ်ကို ရာသီများစွာခွဲ၍
ကျခံစေခြင်းကသာ ချန်ပီယံဆုဖလားများ စိန်ခေါ်ရန်နှင့် ပရီးမီးယားလိဂ်သို့ ပြန်လည်တက်ရောက်လာရန် အဟန့်အတားဖြစ်စေမည်ဟု ဘောလုံးလောက၏ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးက အဆိုပြုထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
