ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ ကွန်ပနီက ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်း၏ အိမ်ကွင်းတွင် ကျင်းပမည်ဖြစ်သည့်အတွက် ထူးခြားသည့်ခံစားမှု ရှိနေသည်ဟု ပြောကြားခဲ့သည်။
အသွင်သစ်ဖြင့် ပြောင်းလဲကျင်းပမည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်း၏ အိမ်ကွင်းဖြစ်သော Allianz Arena ကွင်းတွင် ၂၀၂၅ ခုနှစ် မေလ(၃၁)ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။
လက်ရှိအချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိဂ်အဆင့် ပွဲစဉ်(၁)ကို စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းသည် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဆုဖလား(၆)ကြိမ်ရရှိထားသည့် တတိယအအောင်မြင်ဆုံးအသင်းဖြစ်သော်လည်း ယခုရာသီအတွက် ဗိုလ်စွဲရန်ရေပန်းစားမှုတွင်မူ အဆင့်(၈)နေရာတွင်သာ ရပ်တည်နေသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဒိုင်နမိုဇာဂရက်၊ အက်စတွန်ဗီလာ၊ ဘာစီလိုနာ၊ ဘင်ဖီကာ၊ PSG၊ ရှက်တာဒိုးနက်၊ ဖီယင်နု၊ ဆလိုဗန် စသည့်အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပွဲကျပ်သည့်အနေအထားမဟုတ်သော်လည်း နည်းပြသစ် ကွန်ပနီနှင့် စတင်လက်တွဲသည့် ရာသီဖြစ်သောကြောင့် ဥရောပအဆင့်တွင် အောင်မြင်မှုရရှိရန် မလွယ်ကူဟု သုံးသပ်ခြင်းခံထားရကြောင်း သိရသည်။
သို့သော် ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ရာနှုန်းပြည့်နိုင်ပွဲဆက်နေသည့်အတွက် ကွန်ပနီ၏ ဦးဆောင်မှုကို ချီးကျူးမှုများလည်း ရှိနေသည်။
ယင်းအခြေ အနေတွင် ကွန်ပနီအား UEFA က တွေ့ ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့်ပတ်သက်၍ ၎င်းက ''ရည်မှန်းချက်တွေကတော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲတိုင်းမှာ ဆုဖလားရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ ချန်ပီယံလိဂ်ဆိုတာ အခက်ခဲဆုံးပြိုင်ပွဲတစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့က လတ်တလော ရယူထားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ အသင်းအနည်းစုထဲမှာ ကျွန်တော်တို့လည်း ပါဝင်ပါတယ်။ ဗိုလ်လုပွဲက ထူးခြားတဲ့ကွင်းမှာ ကျင်းပမှာဖြစ်ပြီး အဲဒီအတွက် ထူးခြားတဲ့ ခံစားမှုရှိနေပါတယ်''ဟု ပြောကြားခဲ့သည်။
ကွန်ပနီက ချန်ပီယံလိဂ်တွင် ပြိုင်ဘက်တိုင်းကို အလေးထားယှဉ်ပြိုင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
