ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဒေသခံအချို့မှာ ယင်းဒေသ ရေကြီးမှုဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများရှိနေသည်ဟု ကျောက်မဲဒေသခံတစ်ဦးထံက သိရသည်။
ရှမ်း/မြောက် ဒေသခံစစ်ရှောင်များမှာ ရွှေညောင်၊ ညောင်ရွှေနှင့် ကလောမြို့သို့ တိမ်းရှောင်နေစဉ် ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့သူ ကျောက်မဲမြို့တစ်ခုတည်းမှ ဒေသခံစစ်ရှောင် (၁၁)ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကျောက်မဲမြို့ စစ်ဘေးရှောင် ပြည်သူထဲမှ သေဆုံးသူ (၁၁)ယောက်လို့ သိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ စုံစမ်းနေဆဲပါ”ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ရှမ်း/မြောက် ဒေသခံ လူမှုကူညီရေးအဖွဲ့အချို့က ရေဘေးဒဏ်အဆိုးဆုံးခံရသည့် ကျေးရွာများသို့အရောက် ထောက်ပံ့ကူညီရန် ပြင်ဆင်နေကြကြောင်း သိရသည်။
အလားတူ လားရှိူးအခြေစိုက် Freedom Youth Volunteers -FYV အဖွဲ့ကလည်း ရှမ်း/တောင်ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းမည်ဟု ဆိုထားသည်။
“ရေဘေးမှာ ရှမ်းပြည်အတွက် လှူတာသိပ်မရှိလို့ FYO က တောင်ပိုင်းအလှူရှင်နည်းတဲ့မြို့တွေဆီအထိ ရောက်အောင်လှူပါမည်” ရေးသားမျှဝေထားသည်ကိုတွေ့ရသည်။
ဓာတ်ပုံ-CJ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
