
တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ယူးဂျူအွန်းသည် အသက် ၂၇ နှစ်အရွယ်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ဟု သိရသည်။
သြဂုတ် ၂၉ ရက်က ယူး၏အစ်ကိုဖြစ်သူက ၎င်း၏နောက်ဆုံးပြောကြားခဲ့သည့်စကားများကို ယူး၏ Instagram တွင် တင်ခဲ့သည်။ ယင်းသို့တင်ခဲ့ရာ၌ ယူးဂျူအွန်းသည် သြဂုတ် ၂၉ ရက်တွင် ကွယ်လွန်သွားကြောင်း အသုဘအခမ်းအနားကို သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ အဆုံးသတ်၌ ယူး၏ နောက်ဆုံးဆန္ဒကို ဖော်ပြထားသော သေတမ်းစာကို မျှဝေခဲ့သည်။
၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သောယူးက ၎င်း၏ သေတမ်းစာ၌ “ကျွန်မအားလုံးရဲ့ အရင်ထွက်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ အထူးသဖြင့် အမေ၊ အဖေ၊ အဘွားနဲ့အစ်ကိုတို့ပေါ့။ ကျွန်မ အသက်ဆက်မရှင်ချင်တော့ပါဘူး။ သင်တို့အနေနဲ့ ကျွန်မမရှိတော့တဲ့အတွက် ဟာတာတာဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ကြံ့ခိုင်ပေးပါ။ ကျွန်မ သင်တို့ကို အမြဲတမ်းစောင့်ကြည့်နေမှာပါ။ မငိုပါနဲ့။ ငိုတာဟာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး” ဟု ရေးသားထားသည်။
ဆက်လက်၍ သေတမ်းစာ၌ “ကျွန်မဟာ ကျွန်မနဲ့မထိုက်တန်တဲ့ ပျော်ရွှင်စရာကောင်းတဲ့ဘဝမှာ နေထိုင်ခဲ့ပါတယ်။ လုံလောက်သွားပါပြီ။ အဲဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ရှေ့ဆက်သွားကြပါ” ဟု ရေးသားထားသည်။
ချစ်ခင်ရသည့် မိသားစု၊ သူငယ်ချင်းများအနေဖြင့် ၎င်းအား ခွန်အားပေးခဲ့သည့်အပြင် ရယ်မောပျော်ရွှင်စေခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆုံးသတ်အထိမမေ့နိုင်စရာ အမှတ်တရများအတွက်အောင်မြင်သည့် ဘဝ၌ နေထိုင်ခဲ့ရသည်ဟု ထင်မြင်မိကြောင်း၊ ၎င်းအား နားလည်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း စသဖြင့် သေတမ်းစာကို အဆုံးသတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်