
စက်တင်ဘာ ၁ ရက်မှစတင်၍ လယ်ယာသုံးစက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုကြောင်း သြဂုတ် ၃၁ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၂၂) နှင့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၅/၂၀၂၂)တို့အရ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်စာရင်းတွင်ပါဝင်သည့် လယ်ယာသုံးစက်ပစ္စည်းကိရိ ယာများနှင့် စပ်လျဉ်၍ နိုင်ငံတော်၏လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်နှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းမှုလွယ်ကူချောမွေ့စေရန်အတွက် ပူးတွဲပါကုန်စည်လိုင်းများအား ပြည်ပမှတင် သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ ပူးတွဲပါကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းရန်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စိုက်ပျိုးရေးထွက်ကုန်များအတွက် အခြောက်ခံစက်၊ (စိုက်ပျိုးရေးနှင့် ဥယျာဉ်သုံး ရေ(သို့) ဆေးမှုတ်ကိရိယာ၊ ဆေးဖြန်ကိရိယာနှင့် အခြားကိရိယာ၊ စိုက်ပျိုးရေးဆေးဖြန်း၊ ဆေးမှုတ်ကိရိယာများ၏ အပိုပစ္စည်း)၊ (စိုက် ပျိုးရေးအတွက် အသုံးပြုနိုင်သည့် ရွှေ့လျား စက်၊ ပစ္စည်းသယ်ယူစက်)၊ (မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်းအတွက် စိုက်ပျိုးရေး၊ထွန်၊ ပေါင်းရိတ်စက်၊ မျိုးစေ့ချစက်၊မြေသြဇာဖြန့်စက်၊ အခြားစက်နှင့် ၎င်းစက်များအတွက် အပိုပစ္စည်း)များဖြစ်သည်။
(ရိတ်သိမ်းခြွေလှေ့စက်၊ ၀ါခြွေစက်၊ အသီးသန့်စင်ရွေးချယ်စက်နှင့် ၎င်းစက်များ၏ အပိုပစ္စည်း)၊ (စက်ပစ္စည်းနှင့် တပ်ဆင်ထားသည့် စိုက်ပျိုးရေး၊ ဥယျာဉ်နှင့် မွေးမြူရေးသုံး မျိုးပေါက်စက်၊ ဥဖောက်စက်)၊ (စိုက်ပျိုးရေး သုံးအတွက် နောက်တွဲယာဉ်၊ တစ်ဝက်တစ်ပျက် နောက်တွဲယာဉ်) စသည်တို့အပြင် အခြားသော လယ်ယာသုံးစက်ပစ္စည်းနှင့်အကျုံးဝင်သည့် ကုန်စည်များလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်