CB Bank မှ ရေဘေးအတွက် ကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းကြောင်း CB Bank ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ထုတ်ပြန်မှုအရ CB Bank မှ ရေဘေးကျရောက်သည့်ဒေသများအတွက် ကျပ်သိန်းပေါင်း သုံးသောင်း မတည် လှူဒါန်းလျက်ရှိပြီး ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှစတင်၍ CB Bank မှ ရေဘေးကျရောက်သည့် ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီလှူဒါန်းရန်အတွက် စုစုပေါင်းကျပ်သိန်းပေါင်း သုံးသောင်း မတည်၍ လှူဒါန်းပေးလျက်ရှိရာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းများ၊ ပရဟိတအသင်းများ၊ ကြက်ခြေနီအသင်းများနှင့် လိုအပ်သည့်နေရာများသို့ အလှူငွေများ၊ စက်လှေများ၊ အစားအသောက်များ၊ ဆေးဝါးများ စသည်တို့ကို နေ့စဉ်လှူဒါန်းပေးလျက်ကြောင်း0 သိရသည်။
ထပ်မံ၍လည်း ရေဘေးကျရောက်သည့် လိုအပ်နေသည့် ဒေသများထံသို့ လိုအပ်သည်များအား လှူဒါန်းပေးသွားပေးမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း CB Bank ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
အလားတူ ဧရာဝတီဘဏ်ကလည်း ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်အပါအဝင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းအပြင် KBZ ဘဏ်ကလည်း ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း ၁၀၀ ကို အရေးပေါ်ကူညီရန်ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၁၀၀၀ ဖြင့် ကျပ်ငွေ ၁၀ ဘီလျံ မတည်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
