သမ္မတနစ်ကိုးလပ်မာဒူရိုအားလုပ်ကြံရန် ပူးပေါင်းကြံစည်ထားသည့် နိုင်ငံခြားသားခြောက်ဦးကို ဖမ်းမိထားပြီး ၎င်းကြံစည်မှုကို စီအိုင်အေကဦးဆောင်ခဲ့ကြောင်း ဗင်နီဇွဲလား အာဏာပိုင်များက ထုတ်ဖော်ပြောကြားသည်။
အမေရိကန်နိုင်ငံသားသုံးဦး ၊ စပိန်နိုင်ငံသား နှစ်ဦးနှင့်ချက်နိုင်ငံသားတစ်ဦးကို ဖမ်းမိထားခြင်းဖြစ်ပြီး အမေရိကန်ရိုင်ဖယ်အလက် ၄၀၀ ကိုသိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံပိုင်ရုပ်သံမှ ပြည်ထဲရေးဝန်ကြီး ကြေညာချက်အရ လက်ရှိဗင်နီဇွဲလားအစိုးရကိုဖြုတ်ချပြီး ခေါင်းဆောင်ပိုင်းအချို့ကိုလုပ် ကြံရန် ပူးပေါင်းကြံစည်ထားကြခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားသုံးဦးတွင် စစ်တပ်အမှု ထမ်းတစ်ဦးလည်းပါနေကာ အာဖဂန်နစ္စတန်၊အီရတ်နှင့်ကိုလံဘီယာတို့တွင် တာဝန်ထမ်း ဆောင်ခဲ့သည့် နေဗီဆီးလ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်။
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနကလည်း ၎င်းကိစ္စကိုအတည်ပြုခဲ့ သည်။
သို့သော်မာဒူရိုကိုလုပ်ကြံမည့်ကိစ္စ အမေရိကန်အစိုးရနှင့်ပတ်သက်နေသည်မှာ မဟုတ်ပါဟုုငြင်းခဲ့သည်။
မာဒူရိုသည် ဇူလိုင်ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ထပ်မံအနိုင်ရပြီး အတိုက်အခံခေါင်းဆောင် ဂွန်ဇားလက်စ်က စပိန်သို့ထွက်ပြေးတိမ်းရှောင်နေကာ စပိန်တွင်နိုင်ငံရေးခိုလှုံခွင့်ရထားသည်။
မကြာသေးမီကလည်း ပြည်ပခရီးစဉ်များတွင် မာဒူရိုသုံးသည့်လေယာဉ်ကို ပြုပြင်ထိန်းသိမ်းရေးအတွက် ဒိုမီနီကန်သမ္မတနိုင်ငံသို့ပို့ထားစဉ် အမေရိကန်က သိမ်းပစ်လိုက်သည်။
Ref;CNN
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
