ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှစကာ နိုင်ငံတဝှမ်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရပြီး ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရမှုများ ရှိခဲ့သည်။
လက်ရှိတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းများသည် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေကာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင် ဘူတာအထိ ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ထိုနည်းတူ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည်လည်း ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်း ဘူတာအကြား မိုင်တိုင် (၃၃၃/၁) ၌ အစုန်လမ်းတံတားအမှတ် (၆၉၁)၏ ပေ ၄၀ သံပေါင်ခုနစ်ခုအနက်လေးခု ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံနှစ်ဖက်ရှိ သံပေါင်များသာ ကျန်ရှိသည့် အခြေအနေကို စစ်ဆေးပြီး ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် စက်ယန္တရားများ အသုံးပြု၍ တံတားအား အမြန်ဆုံးပြန်လည်စစ်ဆေး ပြုပြင်နိုင်ရေး မှာကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီးနှင့် ရှမ်းပြည်(တောင်ပိုင်း) သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းတို့တွင် ပျက်စီးခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရသဖြင့် ခရီးသည်နှင့် ကုန်စည်သွားလာပို့ဆောင်မှုလုပ်ငန်းများ ထိခိုက်လျက်ရှိရာ ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
